၁ ပေ 3:3 - မြန်မာ့စံမီသမ္မာကျမ်း3 သင်တို့၏တန်ဆာဆင်ခြင်းသည် ဆံပင်ကျစ်ခြင်း၊ ရွှေတန်ဆာဆင်မြန်းခြင်း၊ အဝတ်အစားများဖြင့်ဆင်ယင်ခြင်းတည်းဟူသော အပြင်ပန်းတန်ဆာဆင်ခြင်းမဖြစ်စေဘဲ Ver CapítuloCommon Language Bible3 သင်တို့၏ရုပ်ရည်လှပမှုသည်အပြင်အပ လက္ခဏာများဖြစ်သောဖီးလိမ်းဝတ်စားမှု၊ ကျောက်မျက်ရတနာဆင်ယင်မှုတို့အပေါ် တွင်မတည်စေဘဲ၊- Ver CapítuloGarrad Bible3 သင် တို့၌ ဦး ဆံ ကျစ် ခြင်း ရွှေ ဆင် ခြင်း အ ဝတ် ကောင်း ဝတ် ခြင်း ဟူ သော အ ပြင် တန် ဆာ မ ဆင် ဘဲ Ver CapítuloJudson Bible3 သင်တို့၌ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာ ဆင်ခြင်းမဖြစ်စေဘဲ၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း3 သင်တို့၏ တန်ဆာဆင်မှုသည် ဆံပင်ကျစ်ခြင်း၊ ရွှေရတနာဆင်မြန်းခြင်း၊ ဝတ်ကောင်းစားလှဝတ်ဆင်ခြင်း စသည့် အပြင်ပန်းအလှဆင်ခြင်း မဖြစ်စေနှင့်။ Ver Capítulo |
မိန်းမတို့သည် မိမိ၏အိမ်နီးချင်းထံမှလည်းကောင်း၊ မိမိအိမ်၌တည်းခိုနေထိုင်သောသူထံမှလည်းကောင်း ငွေထည်များ၊ ရွှေထည်များနှင့် အဝတ်အစားများကို တောင်း၍ သင်တို့သည် သင်တို့၏သားသမီးများကို ဝတ်ဆင်စေရမည်။ ဤသို့ဖြင့် သင်တို့သည် အီဂျစ်လူမျိုးတို့၏ဥစ္စာပစ္စည်းများကို သိမ်းယူရလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။