၁ ပေ 1:25 - မြန်မာ့စံမီသမ္မာကျမ်း25 ထာဝရဘုရား၏နှုတ်ကပတ်တော်မူကား ကာလအစဉ်အဆက်တည်၏။ ဤနှုတ်ကပတ်တော်သည် သင်တို့အားဟောပြောသည့် ကောင်းမြတ်သောသတင်းပင်ဖြစ်၏။ Ver CapítuloCommon Language Bible25 ထာဝရဘုရား၏နှုတ်ကပတ်တော်မူကား ထာဝစဉ်တည်၏'' ဟူ၍ကျမ်းစာ၌ဖော်ပြသည့်အတိုင်းဖြစ် သည်။ ထိုနှုတ်ကပတ်တော်ကားသင်တို့အား ကြေညာသည့်သတင်းကောင်းဖြစ်ပေသည်။ Ver CapítuloGarrad Bible25 သင် တို့ အား ကြား ပြော ပြီး ဖြစ် သော နှုတ် က ပတ် တော် ဟု ဆို လို သ တည်း။ Ver CapítuloJudson Bible25 ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲ တည်၏။ ထိုနှုတ်ကပတ်တော်သည်၊ သင်တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း25 သို့သော် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အစဉ်အမြဲတည်၏” ဟု ဆိုထား၏။ ဤနှုတ်ကပတ်တော်မှာ သင်တို့အားဟောပြောသော သတင်းကောင်းဖြစ်၏။ Ver Capítulo |
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ထိုအခါ သူတို့ပြုစုသောအရာတို့သည် မိမိတို့အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အားဖွင့်ပြတော်မူ၏။ ယခု ထိုအရာတို့သည် ကောင်းကင်ဘုံမှစေလွှတ်ခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သောသတင်းကိုဟောပြောသောသူများမှတစ်ဆင့် သင်တို့ထံ ဖော်ပြခြင်းခံရပြီ။ ကောင်းကင်တမန်တို့ပင်လျှင် ထိုအရာတို့ကိုကြည့်ရှုရန် အလွန်အလိုရှိကြ၏။
ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်အလယ်၌ပျံသန်းနေသည်ကို ငါမြင်ရ၏။ သူသည် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်ကြသူများတည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးတို့အား ဟောပြောရန် ထာဝရတည်သည့်ကောင်းမြတ်သောသတင်းကိုယူဆောင်လာ၏။