၁ တိ 6:15 - မြန်မာ့စံမီသမ္မာကျမ်း15 အချိန်တန်သောအခါ ဘုရားသခင်သည် ခရစ်တော်ကိုပေါ်ထွန်းစေတော်မူလိမ့်မည်။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူ၍ တစ်ပါးတည်းအုပ်စိုးတော်မူသောအရှင်၊ ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်ဖြစ်တော်မူ၏။ Ver CapítuloCommon Language Bible15 မင်္ဂလာရှိတော်မူသောတစ်ဆူတည်းသော အရှင်၊ ဘုရင်တကာတို့၏ဘုရင်၊ အရှင် တကာတို့၏အရှင်ဘုရားသခင်သည် ကာလအချိန်ရောက်သောအခါကိုယ်တော် အားထင်ရှားပေါ်ထွန်းစေတော်မူလိမ့်မည်။- Ver CapítuloGarrad Bible15-16 တစ် ဆူ တည်း သော၊ နိ စ္စ ဖြစ် တော် မူ ထ သော၊ မ ချဉ်း ကပ် နိုင် သော အ လင်း၌ စံ နေ၍ လူ တို့ ဒိ ဌ မ ဖူး ဘူး၊ မ ဖူး နိုင် ရာ ဖြစ် တော် မူ ထ သော၊ မင်္ဂ လာ ရှိ သော၊ တစ် ဆူ တည်း သော ဧ က ရာ ဇာ၊ ဘု ရင့် ထက် ဘု ရင်၊ အ ရှင့် ထက် အ ရှင် သည် အ ချိန် တော် ရောက် သည့် ကာ လ ထို ထင် ရှား ခြင်း ကို ပြ သ တော် မူ လိမ့် မည်။ ကိုယ် တော်၌ ထာ ဝ ရ ဘုန်း တော်၊ တန် ခိုး တော် သည် တည် ရှိ ပါ စေ သော။ အာ မင်။ Ver CapítuloJudson Bible15-16 မရဏနှင့်ကင်းလွတ်သောသူ တစ်ပါးတည်းဖြစ်တော်မူထသော၊ အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌နေတော်မူထသော အဘယ်သူမျှ မမြင်ဖူးရာ၊ မမြင်နိုင်ရာ ဖြစ်တော်မူထသော၊ မင်္ဂလာရှိသော တစ်ပါးတည်းသော အရှင်ဖြစ်တော်မူထသော၊ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏သခင်သည်၊ ကာလအချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည်။ ထိုဘုရားသခင်သည် ထာဝရဂုဏ်အသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း15 မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသည့် တစ်ဆူတည်းသောအရှင်၊ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်သည် အချိန်တန်သောအခါ ယေရှုခရစ်တော်ကို ပေါ်ထွန်းစေတော်မူလိမ့်မည်။ Ver Capítulo |
အချိန်စေ့သောအခါ ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်သို့မော့ကြည့်၍ လူ့စိတ်ပြန်ဝင်လေ၏။ ထို့ကြောင့် အမြင့်ဆုံးသောအရှင်ကို ချီးမွမ်း၏။ ထာဝရအသက်ရှင်တော်မူသောအရှင်၏ဂုဏ်တော်၊ ဘုန်းအသရေတော်ကို ချီးမြှောက်၏။ ကိုယ်တော်၏အာဏာစက်သည် ထာဝရအာဏာစက် ဖြစ်၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း ကာလအစဉ်တည်၏။
သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။