၁ ကော 9:15 - မြန်မာ့စံမီသမ္မာကျမ်း15 သို့သော် ငါသည် ဤအခွင့်တစ်စုံတစ်ခုကိုမျှ မသုံးခဲ့ချေ။ ငါ့အား ထိုသို့ပြုစေလို၍ ဤအရာများကို ငါရေးသည်မဟုတ်။ အကြောင်းမူကား ငါ၏ဂုဏ်ယူဝါကြွားစရာအကြောင်းကို သူတစ်ပါးက အချည်းနှီးဖြစ်စေသည်ထက် ငါသေသော် သာ၍ကောင်း၏။ Ver CapítuloCommon Language Bible15 သို့ရာတွင်ငါသည်ထိုအခွင့်အရေးတစ်စုံ တစ်ရာကိုမျှမယူခဲ့။ ထိုကဲ့သို့သောအခွင့် ရေးများကိုတောင်းဆိုလိုသောကြောင့် ဤစာ ကိုရေးလိုက်ခြင်းလည်းမဟုတ်။ ဤသို့တောင်း ဆိုရခြင်းထက်သေရခြင်းကပို၍ကောင်း၏။- Ver CapítuloGarrad Bible15 သို့ ရာ တွင် ငါ သည် ထို သို့ သော အ ခွင့် ကို မ သုံး၊ သုံး လို ၍ လည်း ဤ သို့ ရေး လိုက် သည် မ ဟုတ်။ ငါ ဂုဏ် ရောက် ခွင့် ကို တစ် ယောက် ယောက် ပယ် ဖျက် သည် ထက် ငါ သေ သော် ကောင်း လိမ့် မည်။ Ver CapítuloJudson Bible15 သို့သော်လည်း ထိုအခွင့်ကို ငါသည် အလျှင်းမသုံး။ သင်တို့သည် ငါ့အား ထိုသို့ပြုစေခြင်းငှာ ဤစကားကို ငါရေးသည်မဟုတ်။ အကြောင်းမူကား၊ ငါဝါကြွားခြင်းအခွင့်ကို သူတစ်ပါးဖျက်ဆီးသည်ထက် ငါသေသော် သာ၍ကောင်း၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း15 သို့သော်လည်း ကျွန်ုပ်သည် ထိုအခွင့်အရေးကို တစ်ခါမျှ မယူခဲ့ဖူးပေ။ ထိုအခွင့်အရေးကို သင်တို့ပေးမည်ဟု မျှော်လင့်၍ ဤစာကို ရေးရခြင်းလည်း မဟုတ်ပါ။ အမှန်တွင် အခကြေးငွေမယူဘဲ ဟောပြောခြင်းကြောင့် ဂုဏ်ယူဝင့်ကြွားရသောအခွင့်ကို ဆုံးရှုံးသည်ထက် သေသွားခဲ့လျှင်ပင် ပို၍ ကောင်းလိမ့်မည်။ Ver Capítulo |