၁ ကော 8:3 - မြန်မာ့စံမီသမ္မာကျမ်း3 သို့သော် မည်သူမဆို ဘုရားသခင်ကိုချစ်လျှင် ဘုရားသခင်သည် ထိုသူကိုသိတော်မူ၏။ Ver CapítuloCommon Language Bible3 သို့သော်ဘုရားသခင်ကိုချစ်မြတ်နိုးသူသည် ဘုရားသခင်သိမှတ်တော်မူခြင်းကိုခံရ၏။ Ver CapítuloGarrad Bible3 အ ကြင် သူ သည် ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး အံ့။ ထို သူ့ ကို ကိုယ် တော် သိ မှတ် တော် မူ၏။ Ver CapítuloJudson Bible3 ဘုရားသခင်ကိုချစ်သောသူ မည်သည်ကား၊ ဘုရားသခင် သိစေတော်မူသောသူ ဖြစ်၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း3 သို့သော် ဘုရားသခင်ကို ချစ်သောသူသည် ဘုရားသခင်၏ အသိအမှတ်ပြုတော်မူခြင်းကို ခံရသောသူဖြစ်၏။ Ver Capítulo |
တစ်ဖန် မောရှေက ထာဝရဘုရားအား “ကိုယ်တော်က ‘ဤလူတို့ကို ထုတ်ဆောင်လော့’ဟု အကျွန်ုပ်အား မိန့်ဆိုတော်မူခဲ့သော်လည်း အကျွန်ုပ်နှင့်အတူစေလွှတ်တော်မူမည့်သူကို အကျွန်ုပ်အား သိစေတော်မမူပါ။ သို့သော် ကိုယ်တော်က ‘ငါသည် သင့်ကို အမည်နှင့်တကွသိ၏။ ငါသည် သင့်ကို မျက်နှာသာပေးပြီ’ဟု မိန့်တော်မူခဲ့ပါ၏။
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။