၁ ကော 4:17 - မြန်မာ့စံမီသမ္မာကျမ်း17 ဤအကြောင်းကြောင့် သခင်ဘုရား၌သစ္စာရှိသော ငါ၏ချစ်သား တိမောသေကို သင်တို့ထံသို့ ငါစေလွှတ်၏။ သူသည် အရပ်ရပ်တို့၌ အသင်းတော်တိုင်းတွင် ငါသွန်သင်သည့်အတိုင်း ခရစ်တော်ယေရှု၌ ငါလိုက်လျှောက်သောလမ်းတို့ကို သင်တို့အား သတိရစေလိမ့်မည်။ Ver CapítuloCommon Language Bible17 ထိုအကြောင်းကြောင့်ငါသည်တိမောသေကို သင်တို့ထံသို့စေလွှတ်လိုက်ပါမည်။ သူသည် ခရစ်ယာန်သက်တမ်း၌ ငါချစ်မြတ်နိုး၍သစ္စာ ရှိသောသားဖြစ်ပါ၏။ သူသည်ငါလိုက်လျှောက် ကျင့်သုံးသောအရပ်ရပ်ရှိအသင်းတော် အပေါင်းတို့အား ငါဟောပြောသွန်သင်ခဲ့သော၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သော ဘဝသစ်လမ်းစဉ်ကို သင်တို့အားပြန်လည် သတိရစေပါလိမ့်မည်။ Ver CapítuloGarrad Bible17 ထို အ ကြောင်း နှင့် ပင် သင် တို့ အား ငါ စေ လွှတ် သူ၊ အ ရှင် ဘု ရား၌ သ စ္စာ စောင့် သော ငါ့ ချစ် သား တိ မော သေ သည် အ ရပ် ရပ် ရှိ အ သင်း တော် တိုင်း တွင် ငါ သင် ကြား တတ် သည့် အ တိုင်း ခ ရစ် တော် ယေ ရှု၌ ငါ့ အ လေ့ အ လာ များ ကို သ တိ ရ စေ လိမ့် မည်။ Ver CapítuloJudson Bible17 ထိုအကြောင်းကြောင့် သခင်ဘုရား၌ သစ္စာရှိသော ငါ၏ချစ်သားတိမောသေကို သင်တို့ဆီသို့ ငါစေလွှတ်၏။ ခပ်သိမ်းသော အရပ်တို့၌ ခပ်သိမ်းသော အသင်းတော်တို့ကို ငါသွန်သင်သည်နှင့်အညီ၊ ငါသည် ခရစ်တော်၌ကျင့်သော အကျင့်ဓလေ့များကို သင်တို့သည် မှတ်မိစေခြင်းငှာ သူသည် ပြသတိုက်တွန်းလိမ့်မည်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း17 ထိုအကြောင်းကြောင့် သခင်ဘုရားအပေါ် သစ္စာရှိသော ကျွန်ုပ်၏ချစ်သား တိမောသေကို သင်တို့ထံ စေလွှတ်ရခြင်းဖြစ်၏။ သူသည် ကျွန်ုပ် ရောက်ခဲ့သောအသင်းတော်တိုင်းတွင် သွန်သင်ခဲ့သည့်အတိုင်း ကျွန်ုပ်မည်သို့ ယေရှုခရစ်တော်နောက် လိုက်နေကြောင်းကို သင်တို့အား သတိရစေလိမ့်မည်။ Ver Capítulo |
ငါ့သားတိမောသေ၊ သင်နှင့်ပတ်သက်၍ ယခင်ပရောဖက်ပြုဟောပြောထားသည့်အရာများနှင့်အညီ ဤညွှန်ကြားချက်ကို သင့်အား ငါပေး၏။ ဤသည်ကား သင်သည် ယုံကြည်ခြင်းနှင့်ကြည်လင်သောအသိစိတ်တို့ကိုစွဲကိုင်လျက် ထိုပရောဖက်ပြုဟောပြောထားသည့်အရာများအားဖြင့် ကောင်းသောတိုက်ပွဲကို တိုက်ခိုက်နိုင်မည့်အကြောင်းတည်း။
သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။