၁ ကော 3:5 - မြန်မာ့စံမီသမ္မာကျမ်း5 သို့ဖြစ်လျှင် အာပေါလုကား မည်သူနည်း။ ပေါလုကား မည်သူနည်း။ သူတို့သည် မိမိတို့တစ်ဦးစီအား ထာဝရဘုရားပေးအပ်တော်မူသည့်အတိုင်း သင်တို့ကို ယုံကြည်ခြင်းသို့ပို့ဆောင်ပေးသော အမှုတော်ဆောင်များဖြစ်ကြ၏။ Ver CapítuloCommon Language Bible5 အာပေါလုကားအဘယ်သူနည်း။ ပေါလုကား အဘယ်သူနည်း။ သူတို့သည်ဘုရားသခင်၏ အစေခံများသာလျှင်ဖြစ်၍ သင်တို့ယုံကြည် လာစေရန်ပြုစုပေးကြသူများဖြစ်၏။ ငါ တို့တစ်ဦးစီသည်သခင်ဘုရားခွဲဝေသတ် မှတ်ပေးတော်မူသောတာဝန်အသီးသီး ကိုထမ်းဆောင်ကြရသည်။- Ver CapítuloGarrad Bible5 အာ ပေါ လု သည် မည် သို့ သော သူ နည်း။ ပေါ လု လည်း မည် သို့ သော သူ နည်း။ အ သီး အ သီး အ ရှင် ဘု ရား အ ထံ တော် မှ အ ခွင့် ရ သည့် အ တိုင်း သင် တို့ ယုံ ကြည် စေ ခြင်း ငှာ အ မှု တော် ဆောင် မျှ ဖြစ် ကြ ၏။ Ver CapítuloJudson Bible5 ပေါလုကား အဘယ်သူနည်း။ အာပေါလုကား အဘယ်သူနည်း။ အခြားသောသူမဟုတ်၊ ထာဝရဘုရားသည် အသီးအသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့် အညီ၊ သင်တို့ကို ယုံကြည်ခြင်းသို့ ရောက်စေသော ဓမ္မဆရာပေတည်း။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း5 ထိုသို့ ပြောဆိုငြင်းခုံစရာအကြောင်း ဖြစ်ရလောက်အောင် အာပေါလုသည် မည်သူနည်း။ ပေါလုသည် မည်သူနည်း။ ကျွန်ုပ်တို့သည် သင်တို့ယုံကြည်လာကြစေရန် သတင်းကောင်းကို ဟောပြောသော ထာဝရဘုရား၏ အစေခံများသာဖြစ်ကြ၏။ ကျွန်ုပ်တို့ တစ်ဦးစီသည် ကိုယ်တော်ပေးတော်မူသော တာဝန်အသီးသီးကို ထမ်းဆောင်ကြ၏။ Ver Capítulo |
ဘုရားသခင်သည် အသင်းတော်၌ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် တန်ခိုးလက္ခဏာကိုပြုသောသူများ၊ ထို့နောက် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးရရှိသူများ၊ ကူညီမစသူများ၊ စီမံအုပ်ချုပ်သူများ၊ အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသောသူများ စသည်တို့ကို ခန့်ထားတော်မူ၏။
သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။