၁ ကော 15:50 - မြန်မာ့စံမီသမ္မာကျမ်း50 ညီအစ်ကိုတို့၊ ငါဆိုသည်ကား အသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံ၍မရနိုင်။ ဖောက်ပြန်ပျက်စီးတတ်သောအရာသည်လည်း ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာကို အမွေဆက်ခံ၍မရနိုင်။ Ver CapítuloCommon Language Bible50 ညီအစ်ကိုတို့၊ သင်တို့အားငါပြောလိုသည်မှာ လူ့အသွေးအသားသည်ဘုရားသခင်၏နိုင်ငံ တော်ကိုမခံမယူနိုင်။ ပုပ်ပျက်တတ်သောအရာ သည်လည်းမပုပ်မပျက်တတ်သောအဖြစ်ကို မခံမယူနိုင်။ Ver CapítuloGarrad Bible50 ညီ အစ် ကို တို့၊ အ သွေး အ သား သည် ဘု ရား သ ခင်၏ နိုင် ငံ တော် ကို လည်း ကောင်း၊ သင်္ခါ ရ သည် အ သင်္ခါ ရ ကို လည်း ကောင်း၊ အ ပိုင် ရ နိုင် သည် မ ဟုတ် ကြောင်း ငါ ဆို၏။ Ver CapítuloJudson Bible50 ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်၊ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း50 ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ အသွေးအသားဖြင့်ဖွဲ့စည်းထားသောလူ့ခန္ဓာသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်ပေ။ ပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင်သောအဖြစ်ကို အမွေဆက်ခံနိုင်မည်မဟုတ်ပေ။ Ver Capítulo |