Biblia Todo Logo
La Biblia Online
- Anuncios -




၁ ကော 15:40 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 ကောင်းကင်​ကိုယ်ခန္ဓာ​များ​ရှိ​၍ မြေကြီး​ကိုယ်ခန္ဓာ​များ​လည်း​ရှိ​၏။ သို့သော် ကောင်းကင်​ကိုယ်ခန္ဓာ​၏​ဘုန်း​အသရေ​သည် တစ်​မျိုး​ဖြစ်၍ မြေကြီး​ကိုယ်ခန္ဓာ​၏​ဘုန်း​အသရေ​သည်​လည်း တစ်​မျိုး​ဖြစ်​၏။

Ver Capítulo Copiar

Common Language Bible

40 ကောင်း​ကင်​နှင့်​ဆိုင်​သော​အ​ကောင်​အ​ထည်​များ၊ ကမ္ဘာ​မြေ​ကြီး​နှင့်​ဆိုင်​သော​အ​ကောင်​အ​ထည် များ​ဟူ​၍​ရှိ​၏။ ကောင်း​ကင်​အ​ကောင်​အ​ထည် များ​၏​တင့်​တယ်​မှု​သည်​တစ်​မျိုး၊ ကမ္ဘာ​မြေ ကြီး​အ​ကောင်​အ​ထည်​များ​၏​တင့်​တယ်​မှု က​တစ်​မျိုး​ဖြစ်​၏။-

Ver Capítulo Copiar

Garrad Bible

40 ၄င်း ပြင် အာ ကာ သ ခ န္ဓာ များ နှင့် ပ ထ ဝီ ခ န္ဓာ များ လည်း ရှိ ရာ အာ ကာ သ ခ န္ဓာ များ၏ ကြက် သ ရေ တစ် မျိုး၊ ပ ထ ဝီ ခ န္ဓာ များ၏ ကြက် သ ရေ တစ် မျိုး ဖြစ်၏။

Ver Capítulo Copiar

Judson Bible

40 ကောင်း​ကင် အ​ကောင်​အ​ထည်​လည်း​ရှိ၏။ မြေ​ကြီး အ​ကောင်​အ​ထည်​လည်း ရှိ၏။ ကောင်း​ကင် အ​ကောင်​အ​ထည်၏ ဂုဏ်​အ​သ​ရေ​လည်း​တစ်​မျိုး၊ မြေ​ကြီး အ​ကောင်​အ​ထည်၏ ဂုဏ်​အ​သ​ရေ​လည်း တစ်​မျိုး​ဖြစ်၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

40 ထို့ပြင် ကောင်းကင်​နှင့်ဆိုင်သော ဒြပ်များ၊ မြေကြီး​နှင့်ဆိုင်သော ဒြပ်များ​ဟူ၍ ရှိ၏။ ကောင်းကင်​နှင့်ဆိုင်သော ဒြပ်များ​၏ ဘုန်းအသရေ​သည် တစ်မျိုး​ဖြစ်၍ မြေကြီး​နှင့်ဆိုင်သော ဒြပ်များ​၏​ဘုန်းအသရေ​သည် တစ်မျိုး​ဖြစ်၏။

Ver Capítulo Copiar




၁ ကော 15:40
3 Referencias Cruzadas  

ပညာသတိ​ရှိ​သော​သူ​တို့​သည် မိုးမျက်နှာကြက်​ကဲ့သို့ ထွန်းလင်းတောက်ပ​ကြ​လိမ့်မည်​။ လူ​များစွာ​ကို​ဖြောင့်မတ်​ရာ​သို့​ပို့ဆောင်​ပေး​သော​သူ​တို့​သည် ကြယ်​များ​ကဲ့သို့ အစဉ်​ထွန်းလင်း​တောက်ပ​နေ​လိမ့်မည်​။


အသား​အားလုံး​သည် တစ်မျိုးတည်း​မ​ဟုတ်။ လူ​တို့​၏​အသား​သည် တစ်​မျိုး၊ တိရစ္ဆာန်​တို့​၏​အသား​သည်​လည်း တစ်​မျိုး၊ ကျေးငှက်​တို့​၏​အသား​သည်​လည်း တစ်​မျိုး၊ ငါး​တို့​၏​အသား​သည်​လည်း တစ်​မျိုး​ဖြစ်​၏။


နေ​၏​ဘုန်း​အသရေ​သည် တစ်​မျိုး၊ လ​၏​ဘုန်း​အသရေ​သည်​လည်း တစ်​မျိုး၊ ကြယ်​များ​၏​ဘုန်း​အသရေ​သည်​လည်း တစ်​မျိုး​ဖြစ်​၏။ ကြယ်​တစ်​လုံး​ချင်း​၏​ဘုန်း​အသရေ​သည်​လည်း ခြားနား​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos