၁ ကော 14:25 - မြန်မာ့စံမီသမ္မာကျမ်း25 သူ၏စိတ်နှလုံးထဲမှ ကွယ်ဝှက်ထားသောအရာတို့သည် ထင်ရှားလာသဖြင့် “ဘုရားသခင်သည် သင်တို့အလယ်၌ အမှန်ရှိတော်မူ၏”ဟု ဝန်ခံလျက် ဘုရားသခင်ကို ပျပ်ဝပ်ရှိခိုးလိမ့်မည်။ Ver CapítuloCommon Language Bible25 သူ၏စိတ်နှလုံးစစ်ကြောစီရင်ခြင်းကိုခံရ လျက်သူ၏လျှို့ဝှက်သောအကြံအစည်များ သည်ပေါ်လွင်သဖြင့် ``သင်တို့နှင့်အတူဧကန် အမှန်ဤအရပ်တွင်ဘုရားသခင်ရှိတော်မူ ပါသည်တကား'' ဟုထုတ်ဖော်ဝန်ခံကာဘုရား သခင်ကိုပျပ်ဝပ်ရှိခိုးလိမ့်မည်။ Ver CapítuloGarrad Bible25 ဝှက် ထား သော စိတ် အ ကြံ အ စည် များ ထင် ရှား သ ဖြင့် သင် တို့ တွင် ဘု ရား သ ခင် မု ချ တည် တော် မူ သည် ဟု ဝန် ခံ လျက် ဘု ရား သ ခင် အား ပျပ် ဝပ် ရှိ ခိုး လိမ့် မည်။ Ver CapítuloJudson Bible25 ထိုသို့သူ၏ စိတ်နှလုံး၌ မထင်ရှားသောအရာတို့သည် ထင်ရှားပြန်၍ သူသည် ပျပ်ဝပ်လျက်၊ ဘုရားသခင်ကို ကိုးကွယ်လိမ့်မည်။ ဘုရားသခင်သည် သင်တို့တွင် အမှန်ရှိတော်မူသည်ဟု သက်သေခံလိမ့်မည်။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း25 သူတို့၏ စိတ်နှလုံးထဲမှ လျှို့ဝှက်သောအတွေးအခေါ်များသည် ပေါ်လွင်လာသဖြင့် သူတို့သည် ဝပ်တွားခယကာ “ဘုရားသခင်သည် သင်တို့နှင့်အတူ အမှန်တကယ်ရှိတော်မူ၏” ဟု ကြွေးကြော်လျက် ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည်။ Ver Capítulo |
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုသို့ စာလိပ်ကိုယူလိုက်သောအခါ သတ္တဝါလေးပါးတို့နှင့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် စောင်းများကိုလည်းကောင်း၊ သန့်ရှင်းသူတို့၏ဆုတောင်းချက်များဖြစ်ကြသော နံ့သာပေါင်းနှင့်ပြည့်နေသည့် ရွှေဖလားများကိုလည်းကောင်း အသီးသီးကိုင်ဆောင်လျက် သိုးသငယ်တော်ရှေ့၌ ပျပ်ဝပ်ကြ၏။