၁ ကော 11:29 - မြန်မာ့စံမီသမ္မာကျမ်း29 အကြောင်းမူကား သခင်ဘုရား၏ကိုယ်ခန္ဓာတော်ကို ပိုင်းခြား၍မသိဘဲ စားသောက်သောသူသည် မိမိအပေါ်သို့ ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေရန် စားသောက်သောသူဖြစ်၏။ Ver CapítuloCommon Language Bible29 မုန့်ကိုစား၍ခွက်ဖလားမှစပျစ်ရည်ကို သောက်သောအခါ သခင်ဘုရား၏ကိုယ်ခန္ဓာ အနက်အဋ္ဌိပ္ပါယ်ကိုမသိနားမလည်သော သူသည် မိမိအပေါ်အပြစ်ဒဏ်ကျရောက် စေရန်စားသောက်သူဖြစ်၏။- Ver CapítuloGarrad Bible29 ကိုယ် ခ န္ဓာ တော် ကို ပိုင်း ခြား သိ မြင် ခြင်း မ ရှိ ဘဲ စား သောက် သော သူ သည် တ ရား စီ ရင် ခံ ရ ခြင်း ကို စား သောက် ရာ ရောက် သော ကြောင့်၊ Ver CapítuloJudson Bible29 အကြောင်းမူကား၊ မထိုက်မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှာ စားသောက်သောသူဖြစ်၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း29 အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ ကိုယ်ခန္ဓာကို ပိုင်းခြားမသိမြင်ဘဲ စားသောက်သောသူသည် မိမိကိုယ်ကိုယ် ပြစ်ဒဏ်စီရင်ရာရောက်၏။ Ver Capítulo |
ငါ့ညီအစ်ကိုတို့၊ အထူးသဖြင့် တိုင်တည်ပြောဆိုခြင်းကိုမပြုကြနှင့်။ ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ အခြားကတိသစ္စာတစ်စုံတစ်ခုကိုပြုလျက်ဖြစ်စေ တိုင်တည်၍မပြောဆိုကြနှင့်။ သင်တို့သည် ဟုတ်သည်ကို “ဟုတ်ပါသည်” မဟုတ်သည်ကို “မဟုတ်ပါ”ဟူ၍သာ ပြောဆိုကြလော့။ သို့မဟုတ်လျှင် တရားစီရင်ခြင်းကိုခံရလိမ့်မည်။