၁ ကော 11:26 - မြန်မာ့စံမီသမ္မာကျမ်း26 ထို့ကြောင့် သင်တို့သည် ဤမုန့်ကိုစား၍ ဤခွက်ကိုသောက်သောအခါတိုင်း သခင်ဘုရား၏အသေခံတော်မူခြင်းကို ကိုယ်တော်ကြွလာတော်မူသည်အထိ ကြေညာကြ၏။ Ver CapítuloCommon Language Bible26 သင်တို့သည်ထိုမုန့်ကိုစား၍ထိုခွက်ဖလား မှစပျစ်ရည်ကိုသောက်သည့်အခါတိုင်းသခင် ဘုရားအသေခံတော်မူကြောင်းကိုကိုယ်တော် ကြွလာတော်မူချိန်တိုင်အောင်ကြေညာကြ၏။- Ver CapítuloGarrad Bible26 သင် တို့ သည် ထို မုန့် ကို စား၍ ဖ လား တော် ကို သောက် တိုင်း အ ရှင် ဘု ရား၏ အ သေ ခံ တော် မူ ခြင်း ကို ကြွ လာ တော် မူ သည့် တိုင် အောင် ကြော် ငြာ ကြ ၏။ Ver CapítuloJudson Bible26 အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကို သောက်သောအခါခါ၊ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော် မမူမီတိုင်အောင် ပြကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း26 ထို့ကြောင့် သင်တို့သည် ထိုမုန့်ကို စား၍ ထိုခွက်ကို သောက်သောအခါတိုင်း သခင်ဘုရားအသေခံတော်မူခြင်းအကြောင်းကို သခင်ဘုရား ပြန်လည်ကြွလာသည်အထိ ကြေညာကြခြင်းဖြစ်၏။ Ver Capítulo |
သို့ဖြစ်၍ “ထိုတပည့်တော်သည် သေရမည်မဟုတ်”ဟူသောစကားသည် ညီအစ်ကိုတို့ကြားတွင် ပျံ့နှံ့သွား၏။ သို့သော် ယေရှုက “ထိုသူသည် သေရမည်မဟုတ်”ဟု မိန့်တော်မူသည်မဟုတ်ဘဲ“ငါကြွလာသည့်တိုင်အောင် သူ့ကိုအသက်ရှင်စေရန် ငါအလိုရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်း”ဟူ၍သာ မိန့်တော်မူ၏။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။