၁ ကော 11:16 - မြန်မာ့စံမီသမ္မာကျမ်း16 သို့သော် တစ်စုံတစ်ယောက်က လက်ခံနိုင်ဖွယ်မရှိဟုထင်မှတ်လျှင် ငါတို့၌ ထိုသို့သောထုံးစံမရှိ။ ဘုရားသခင်၏အသင်းတော်များ၌လည်းမရှိ။ Ver CapítuloCommon Language Bible16 ဤကိစ္စနှင့်ပတ်သက်၍စောဒကတက်လိုသူ အားငါတို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်များ၌လည်းကောင်း ယင်းသို့ ခေါင်းဖုံးအုပ်သည့်ထုံးစံမှလွဲ၍အခြား ထုံးစံမရှိကြောင်းငါဖြေဆိုအံ့။ Ver CapítuloGarrad Bible16 မည် သူ မ ဆို ငြင်း ဆန် လို လျှင် ငါ တို့၌ လည်း ကောင်း၊ ဘု ရား သ ခင့် အ သင်း တော် များ ၌ လည်းကောင်း၊ ထုံး စံ တစ် မျိုး မ ရှိ ချေ။ Ver CapítuloJudson Bible16 သို့သော်လည်း တစ်စုံတစ်ယောက်သောသူသည် ငြင်းခုံလျှင်၊ ငါတို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်၌ လည်းကောင်း၊ ထိုသို့သော ထုံးစံမရှိ။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း16 သို့ရာတွင် တစ်စုံတစ်ယောက်သည် ဤဓလေ့နှင့်ပတ်သက်၍ ငြင်းခုံလိုလျှင် ကျွန်ုပ်တို့တွင် ထိုသို့သောဓလေ့မှအပ အခြားဓလေ့မရှိပေ။ ဘုရားသခင်၏ အခြားအသင်းတော်များ၌လည်း မရှိပေ။ Ver Capítulo |
ထိုသူတို့ကို ခေါ်သွား၍ သူတို့နှင့်အတူ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူလျက် သူတို့ခေါင်းကို ခေါင်းတုံးရိတ်ရန် သူတို့အတွက် စရိတ်ခံပေးပါလော့။ သို့ပြုလျှင် သင်နှင့်ပတ်သက်၍ သူတို့ကြားသိထားသောသတင်းသည် မဟုတ်မမှန်ဘဲ သင်ကိုယ်တိုင် ပညတ်တရားကိုစောင့်ထိန်းလျက် လိုက်လျှောက်နေကြောင်း သူတို့အားလုံးသိကြလိမ့်မည်။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။