၁ ကော 1:2 - မြန်မာ့စံမီသမ္မာကျမ်း2 ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန္သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္ထနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။ Ver CapítuloCommon Language Bible2 ကောရိန္သုမြို့ရှိဘုရားသခင်၏အသင်းတော် ဝင်အပေါင်းတို့ထံသို့လည်းကောင်း၊ အရပ် ခပ်သိမ်းမှငါတို့၏အရှင်နှင့်သူတို့၏အရှင် ဖြစ်တော်မူသောအရှင်ယေရှုခရစ်ကိုကိုးကွယ် သူအပေါင်းတို့နှင့်တကွ ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝတည်းရှိသောအားဖြင့် ဘုရား သခင်၏လူစုတော်အဖြစ်ရွေးချယ်ခြင်း ခံရကြသူအပေါင်းတို့ထံသို့လည်းကောင်း စာရေးလိုက်ပါသည်။ Ver CapítuloGarrad Bible2 ငါ တို့ အ ရှင်၊ သူ တို့ အ ရှင် ဖြစ် သော ယေ ရှု ခ ရစ်၏ နာ မ တော် ကို အ ပြည် ပြည် တွင် ပ ဌ နာ ပြု သူ ခပ် သိမ်း တို့ နှင့် တ ကွ၊ သီး သန့် ခေါ် ထား တော် မူ သူ ခ ရစ် တော် ယေ ရှု အား ဖြင့် သန့် ရှင်း သူ များ ဖြစ် သော ကော ရိ န္သု မြို့ ရှိ ဘု ရား သ ခင်၏ အ သင်း တော့် ထံ ရေး လိုက် သည် မှာ၊ Ver CapítuloJudson Bible2 ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူတည်းဟူသော၊ ကောရိန္သုမြို့၌ရှိသော ဘုရားသခင်၏ အသင်းတော်မှစ၍ ခပ်သိမ်းသောအရပ်၌ ငါတို့သခင်ယေရှုခရစ်ကို ပတ္ထနာပြုသောသူအပေါင်းတို့ကို ကြားလိုက်ပါ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း2 ယုံကြည်သူများဖြစ်စေရန် ရွေးချယ်တော်မူခြင်းခံရသည့် ကောရိန္သု အသင်းတော်ဖြစ်သော သင်တို့ထံသို့ ပို့လိုက်သောစာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ကိုးကွယ်ကြသည့် နေရာအနှံ့၌ရှိသောသူအပေါင်းတို့ကို ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေတော်မူသကဲ့သို့ သင်တို့ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထိုယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှင့် နေရာအနှံ့၌ ရှိသော ထိုသူအပေါင်းတို့၏ သခင်ဖြစ်တော်မူ၏။ Ver Capítulo |
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။
ကြားနာသောသူအပေါင်းတို့သည် အံ့ဩငေးမောလျက် “ဤသူသည် ဂျေရုဆလင်မြို့၌ ဤနာမကို ပတ္ထနာပြုသောသူတို့အား ဖျက်ဆီးရန် ကြိုးစားနေသူဖြစ်ပြီး ထိုသူတို့ကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့ ပို့ဆောင်မည်ဟူသောရည်ရွယ်ချက်ဖြင့် ဤနေရာသို့ရောက်လာသည်မဟုတ်လော”ဟု ပြောဆိုကြ၏။
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။
ဘုရားသခင်သည် ငါတို့ကိုကယ်တင်တော်မူ၍ သန့်ရှင်းသောခေါ်ယူခြင်းဖြင့် ငါတို့ကိုခေါ်ယူတော်မူသည်မှာ ငါတို့ပြုသောအမှုများကြောင့်မဟုတ်ဘဲ မိမိ၏အကြံအစည်တော်ကြောင့်ဖြစ်ပြီး ရှေးကာလများမတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ငါတို့အားပေးတော်မူသောကျေးဇူးတော်ကြောင့်ဖြစ်၏။