၁ ကော 1:17 - မြန်မာ့စံမီသမ္မာကျမ်း17 အကြောင်းမူကား ဗတ္တိဇံပေးစေရန် ခရစ်တော်သည် ငါ့ကိုစေလွှတ်တော်မူသည်မဟုတ်။ ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် စေလွှတ်တော်မူ၏။ ထိုသို့ဟောပြောရာ၌လည်း ခရစ်တော်၏လက်ဝါးကပ်တိုင်တော်ကို အချည်းနှီးမဖြစ်စေရန် နှုတ်အတတ်အားဖြင့်ဟောပြောရန်မဟုတ်။ Ver CapítuloCommon Language Bible17 ခရစ်တော်ငါ့ကိုစေလွှတ်တော်မူသည်မှာ ဗတ္တိဇံပေးရန်မဟုတ်။ ခရစ်တော်လက်ဝါးကပ် တိုင်တွင်အသေခံခြင်းတန်ခိုးမပျက်မပြယ် စေရန် လူတို့၏ဉာဏ်ပညာနှင့်ယှဉ်သောစကား များကိုအသုံးမပြုဘဲသတင်းကောင်းကို ကြေညာရန်ဖြစ်သည်။ Ver CapítuloGarrad Bible17 ခ ရစ် တော် သည် ဗ တ္တိ ဇံ မင်္ဂ လာ ပေး စေ အံ့ သော ငှာ မ ဟုတ်။ ကား တိုင် တော် အ ကျိုး မဲ့ မ ဖြစ် စေ ရန် ဉာဏ် ပ ညာ ယှဉ် သော စ ကား မ သုံး ဘဲ သ တင်း တော် မြတ် ကို ကြား ပြော စေ အံ့ သော ငှာ ငါ့ ကို စေ လွှတ် တော် မူ၏။ Ver CapítuloJudson Bible17 ဗတ္တိဇံကိုပေးစေခြင်းငှာ ခရစ်တော်သည် ငါ့ကို စေလွှတ်တော်မူသည်မဟုတ်။ ဧဝံဂေလိတရားကို ဟောစေခြင်းငှာ စေလွှတ်တော်မူ၏။ သို့သော်လည်း၊ ခရစ်တော်၏လက်ဝါးကပ်တိုင်ကို အချည်းနှီးမဖြစ်စေခြင်းငှာ၊ နှုတ်ပညာကို အခွင့်မပေးဘဲ နေတော်မူ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း17 ခရစ်တော်သည် ကျွန်ုပ်ကို စေလွှတ်တော်မူသည်မှာ နှစ်ခြင်းမင်္ဂလာပေးရန်အတွက် မဟုတ်ပါ။ သတင်းကောင်းကို ဟောပြောရန်အတွက်ဖြစ်၏။ ဟောပြောရာတွင်လည်း နှုတ်အတတ်ပညာဖြင့် ဟောပြောရန်မဟုတ်ပါ။ ဤသည်မှာ ခရစ်တော်၏ လက်ဝါးကပ်တိုင်တန်ခိုးကို အချည်းနှီးမဖြစ်စေရန်ဖြစ်၏။ Ver Capítulo |