၁ ကော 1:11 - မြန်မာ့စံမီသမ္မာကျမ်း11 အကြောင်းမူကား ငါ့ညီအစ်ကိုတို့၊ သင်တို့အထဲတွင် ပဋိပက္ခဖြစ်ခြင်းရှိသည်ဟု ခလောဣအိမ်သားများက သင်တို့အကြောင်းကို ငါ့အားပြောပြကြ၏။ Ver CapítuloCommon Language Bible11 ငါ့ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်း ခိုက်ရန်ဖြစ်လျက်ရှိကြကြောင်းကို ကလောဣ ၏အိမ်သူအိမ်သားများထံမှငါကြားသိ ရ၏။- Ver CapítuloGarrad Bible11 ငါ့ ညီ အစ် ကို တို့၊ သင် တို့ ဘောင် တွင် ခိုက် ရန် ဖြစ် ခြင်း များ ရှိ ကြောင်း ခ လော ဧ အိမ် သူ အိမ် သား တို့ ဖော် ပြ ကြ ၏။ Ver CapítuloJudson Bible11 အကြောင်းမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်းမသင့်၊ ရန်တွေ့ခြင်းရှိသည်ကို၊ ခလောဣ အိမ်သားအချို့တို့သည် ပြောကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 ချစ်သော ညီအစ်ကိုမောင်နှမတို့… သင်တို့အချင်းချင်း ငြင်းခုံလျက်ရှိကြောင်း ခလောဣအိမ်သား တချို့က ကျွန်ုပ်ကို ပြောပြကြ၏။ Ver Capítulo |
ငါရောက်လာသောအခါ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့ကို ငါတွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရသကဲ့သို့ ငါ့ကိုလည်း သင်တို့တွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရမည်ကိုလည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ အတင်းအဖျင်းပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများ ရှိမည်ကိုလည်းကောင်း ငါစိုးရိမ်၏။