ဧသတာ 6:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထို့ကြောင့် ရှင်ဘုရင်က “မော်ဒကဲ ဤသို့ပြုပေးသည်ကို သူ့အား မည်သည့်ဘွဲ့ထူးဖြင့် ဂုဏ်ပြုခဲ့သနည်း”ဟု မေးရာ မိမိထံပါး၌ခစားသောမင်းလုလင်တို့က “သူ့ကို မည်သည့်အရာမျှ မပြုပေးခဲ့ပါ”ဟု ပြန်လျှောက်ကြ၏။ Ver CapítuloCommon Language Bible3 မင်းကြီးက``ဤအမှုအတွက်မော်ဒကဲအား ငါတို့အဘယ်သို့ဂုဏ်ပြုချီးမြှင့်ကာဆု တော်လာဘ်တော်များပေးခဲ့ပါသနည်း'' ဟုမေးတော်မူ၏။ နန်းတွင်းအစေခံများက``ထိုသူ၏အတွက် အဘယ်သို့မျှမပြုရသေးပါ'' ဟုပြန် လည်လျှောက်ထားကြ၏။ Ver CapítuloGarrad Bible3 ဘု ရင် မင်း က၊ ထို အ တွက် မော် ဒ ကဲ သည်၊ မည် သည့် အ ရာ၊ မည် သည့် ဂုဏ် ထူး ကို ခံ ရ ပြီ နည်း ဟု မေး မြန်း သော်၊ အ ပါး တော် မြဲ ကျေး ကျွန် သင်း ပင်း တို့ က၊ မည် သည် မျှ မ ရ သေး ပါ ဟု ပြန် လျှောက် ကြ ရာ၊ Ver CapítuloJudson Bible3 ရှင်ဘုရင်က၊ ထိုအကြံကို ဖော်ပြသောကြောင့်၊ မော်ဒကဲအား အဘယ်ဆု အဘယ်အရာကို ပေးပြီနည်းဟု မေးတော်မူသော်၊ အထံတော်၌ ခစားသော ကျွန်တော်တို့က၊ အဘယ်ဆုကိုမျှ ပေးတော်မမူပါသေးဟု ပြန်လျှောက်ကြ၏။ Ver Capítulo |
သင်သည် အနက်အဓိပ္ပာယ်များကို ဖွင့်ပြပေးနိုင်ကြောင်း၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်ကြောင်းကို ငါကြားသိရ၏။ ယခု သင်သည် ထိုစာကိုဖတ်၍ ငါ့အား အနက်အဓိပ္ပာယ်ကို ဖော်ပြပေးနိုင်လျှင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ရမည်”ဟု မိန့်ဆို၏။
ရှင်ဘုရင်သည် ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများကို ခေါ်သွင်းရန် အော်ဟစ်ပြီးလျှင် ဘေဘီလုံပညာရှိတို့အား “ဤစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ကို ဖွင့်ပြပေးနိုင်သူ မည်သူမဆို ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်စေ၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ပေးမည်”ဟု မိန့်ဆိုလေ၏။