Biblia Todo Logo
La Biblia Online
- Anuncios -




ဧ​သ​တာ 4:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဧသတာ​၏​အစေခံ​မိန်းကလေး​များ​နှင့် မိန်းမစိုး​တို့​သည်​လာ​၍ မော်ဒကဲ​အကြောင်း​ကို လျှောက်ထား​ကြ​သောအခါ မိဖုရား​သည် အလွန်ပင်​စိတ်မကောင်း​ဖြစ်​လေ​၏​။ လျှော်တေအဝတ်​ကို​လဲ​ဝတ်​ရန် အဝတ်​များ​ကို​ပေးလိုက်​သော်လည်း မော်ဒကဲ​သည် လက်​မ​ခံ​။

Ver Capítulo Copiar

Common Language Bible

4 အ​ပျို​တော်​တို့​နှင့်​မိန်း​မ​စိုး​တို့​သည် မော်​ဒ​ကဲ အ​ဘယ်​သို့​ပြု​လျက်​နေ​သည်​ကို​ဧ​သ​တာ အား​ပြော​ပြ​ကြ​၏။ ထို​အ​ခါ​ဧ​သ​တာ သည်​လွန်​စွာ​စိတ်​ဒုက္ခ​ရောက်​၍ မော်​ဒ​ကဲ​အား လျှော်​တေ​ကို​လဲ​စေ​ရန်​ပေး​ပို့​သော်​လည်း မော်​ဒ​ကဲ​လက်​မ​ခံ​ဘဲ​နေ​၏။-

Ver Capítulo Copiar

Garrad Bible

4 မော် ဒ ကဲ အ ကြောင်း ကို၊ မိ ဖု ရား ဧ သ တာ၏ အ ပျို တော် တို့ နှင့် မိန်း မ စိုး တို့ ကြား ပြော ကြ သော အ ခါ၊ အ လွန် ဝမ်း နည်း သ ဖြင့်၊ လျှော် တေ ကို လဲ စေ ရန် အ ဝတ် ကို ပေး လိုက် သော် လည်း၊ မော် ဒ ကဲ မ ယူ ဘဲ နေ သော ကြောင့်၊

Ver Capítulo Copiar

Judson Bible

4 မော်​ဒ​ကဲ​အ​မှု​ကို ဧ​သ​တာ၏​ကျွန်​မ​တို့​နှင့် မိန်း​မ​စိုး​တို့​သည် ကြား​ပြော​သော​အ​ခါ၊ မိ​ဖု​ရား​သည် အ​လွန်​ဝမ်း​နည်း​လျက်၊ မော်​ဒ​ကဲ​ဝတ်​သော လျှော်​တေ​ကို​ပယ်၍ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​စေ​ခြင်း​ငှာ ပေး​လိုက်​သော်​လည်း၊ မော်​ဒ​ကဲ​သည် မ​ခံ​မ​ယူ​ဘဲ​နေ၏။

Ver Capítulo Copiar




ဧ​သ​တာ 4:4
10 Referencias Cruzadas  

သူ​၏​သား​သမီး​အပေါင်း​တို့​သည် သူ့​ကို ကြိုးစား​၍​နှစ်သိမ့်​ကြ​၏​။ သို့သော် သူ​သည် နှစ်သိမ့်​ခြင်း​ကို​ငြင်းဆန်​လျက် “​အကယ်စင်စစ် ငါ​သည် ငါ့​သား​ရှိ​ရာ​မရဏာနိုင်ငံ​သို့ ငိုကြွေးမြည်တမ်း​လျက် ဆင်းသွား​တော့​မည်​”​ဟု ဆို​၏​။ ထိုသို့ ယောသပ်​၏​ဖခင်​သည် သား​ကြောင့်​ငိုကြွေး​လေ​၏​။


ထိုအခါ ယေဟု​က ပြတင်းပေါက်​သို့​မော့ကြည့်​ပြီး “​မည်သူ​ရှိ​သနည်း​၊ ငါ့​ဘက်​မှာ မည်သူ​နေ​မည်နည်း​”​ဟု မေး​၏​။ ထိုအခါ မိန်းမစိုး​နှစ်​ဦး​သုံး​ဦး​က သူ့​ကို ငုံ့ကြည့်​ကြ​သဖြင့်


သို့သော် မိဖုရား​ဝါရှတိ​သည် မိန်းမစိုး​တို့​မှတစ်ဆင့်​မိန့်မှာ​လိုက်​သည့် ရှင်ဘုရင်​အမိန့်​ကို​ငြင်းဆန်​ပြီး မ​လာ​ဘဲ​နေ​၏​။ ထို့ကြောင့် ရှင်ဘုရင်​သည် အမျက်ထွက်​၍ ဒေါသ​မီး​တောက်လောင်​လေ​၏​။


ဘုရင့်​အမိန့်​စာ​ရောက်ရှိ​သည့် နယ်မြေဒေသ​အသီးသီး​တို့​မှ ဂျူး​လူမျိုး​တို့​သည် အကြီးအကျယ်​ငိုကြွေးမြည်တမ်း​ကြ​လေ​၏​။ အစာရှောင်​လျက်​၊ ငိုကြွေး​လျက်​၊ မြည်တမ်း​လျက် လူ​အများ​တို့​သည် လျှော်တေအဝတ်​ကို​ဝတ်​၍ ပြာ​၌​လူး​ကြ​လေ​၏​။


ထိုအခါ ဧသတာ​သည် မိမိ​အဖို့ ရှင်ဘုရင်​ခန့်ထား​ပေး​သော​မိန်းမစိုး​ဟာတက်​ကို ဆင့်ခေါ်​၍ မော်ဒကဲ​သည် မည်သည့်​အကြောင်း​ကြောင့်​၊ မည်သည့်​အတွက်​ကြောင့် ဤသို့​ပြုမူ​နေ​သည်​ကို စုံစမ်း​ကြည့်​ရန် စေလွှတ်​လိုက်​၏​။


ငါ​ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ဘုရားရှင်​ကို​ငါ​ရှာ​၏​။ ညအချိန်​၌ ငါ​၏​လက်​တို့​ကို လက်ပန်း​မ​ကျ​စေ​ဘဲ ဆန့်တန်း​၏​။ ငါ​၏​စိတ်ဝိညာဉ်​သည် နှစ်သိမ့်ပေး​ခြင်း​ကို ငြင်းပယ်​၏​။


ထာဝရဘုရား​၌ မှီဝဲဆည်းကပ်​သော​တိုင်းတစ်ပါးသား​က “​ထာဝရဘုရား​သည် ငါ့​ကို မိမိ​လူမျိုး​တော်​နှင့် သီးခြားခွဲထား​တော်မူ​လိမ့်မည်​”​ဟု မ​ဆို​စေ​နှင့်​။ မိန်းမစိုး​က​လည်း “​ငါ​သည်​ခြောက်သွေ့​သော​သစ်ပင်​ဖြစ်​၏​”​ဟု မ​ဆို​စေ​နှင့်​။


ထာဝရဘုရား​က “​ရာမ​မြို့​၌ မြည်တမ်း​သံ​၊ ခါးသီး​စွာ​ငိုကြွေး​သံ​ကို​ကြား​ရ​၏​။ ရာခေလ​သည် မိမိ​၏​သား​များ​ကြောင့် ငိုကြွေး​၏​။ သူ​၏​သား​များ​မ​ရှိ​တော့​သဖြင့် နှစ်သိမ့်​ပေး​ကြ​သည်​ကို လက်မခံ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် ဖိလိပ္ပု​သည်​ထ​၍ သွား​လေ​၏။ ထိုစဉ် အီသီယိုးပီးယား​ဘုရင်မ​ကန္ဒက်​၏​မှူးမတ်​ကြီး​ဖြစ်​ပြီး ဘုရင်မ​၏​ဘဏ္ဍာ​အားလုံး​ကို စီမံ​အုပ်ချုပ်​ရ​သော အီသီယိုးပီးယား​ပြည်သား​တစ်​ဦး​သည် ဂျေရုဆလင်​မြို့​သို့ လာရောက်​ဝတ်ပြု​ကိုးကွယ်​ပြီး


သင်​တို့​၏​ကောက်ပဲသီးနှံ​များ​၊ စပျစ်သီး​များ​ထဲမှ ဆယ်ဖို့တစ်ဖို့​ကို​သိမ်းယူ​၍ သူ​၏​မှူးမတ်​များ​၊ အစေအပါး​များ​ကို ပေး​လိမ့်မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos