ဧသတာ 3:9 - မြန်မာ့စံမီသမ္မာကျမ်း9 အရှင်မင်းကြီးအလိုတော်ရှိလျှင် သူတို့ကိုဖျက်ဆီးပစ်ရန် အမိန့်စာထုတ်တော်မူပါ။ အကျွန်ုပ်သည်လည်း အရှင်မင်းကြီး၏ဘဏ္ဍာတိုက်ထဲသို့သွင်းရန် ငွေတာလန်တစ်သောင်းကို ဤအမှုဆောင်ရွက်သူတို့၏လက်သို့ အပ်ပါမည်”ဟု လျှောက်လေ၏။ Ver CapítuloCommon Language Bible9 အရှင်မင်းကြီးသဘောတူတော်မူပါလျှင် သူတို့အားကွပ်မျက်ရန်အမိန့်ထုတ်ပြန်တော် မူပါ။ အရှင်ဤသို့ပြုတော်မူမည်ဆိုပါလျှင် နိုင်ငံတော်အုပ်ချုပ်ရေးအတွက် အရှင့်ဘဏ္ဍာ တော်သို့ငွေသုံးရာခုနစ်ဆယ့်ငါးတန်ပေး သွင်းရန်ကျွန်တော်မျိုးတာဝန်ယူပါမည်'' ဟုလျှောက်၏။ Ver CapítuloGarrad Bible9 သို့ ဖြစ်၍၊ ဘု ရင် မင်း သ ဘော တော် ရှိ ပါ လျှင်၊ ကွပ် မျက် ရ အံ့ သော ငှာ အ မိန့် တော် စာ အပ် တော် မူ ပါ။ ဘ ဏ္ဍာ တော် ထဲ သို့ ထည့် သွင်း ရန်၊ တိုင်း ကျိုး ပြည် ကျိုး ဆောင် ရွက် သူ တို့ လက် တွင်း သို့၊ ငွေ ချိန် ခွက် သုံး သိန်း ကို ကျွန် တော် ချိန် သွင်း ပါ မည် ဟု တင် လျှောက် သော်၊ Ver CapítuloJudson Bible9 ကိုယ်တော်သဘောတူလျှင် ထိုအမျိုးကို ဖျက်ဆီးစေဟု အမိန့်ရှိတော်မူပါ။ ထိုအမှုကို ဆောင်ရွက်သော သူတို့သည် ဘဏ္ဍာတော်တိုက်ထဲသို့ ငွေအခွက်တစ်သိန်းကို သွင်းစေခြင်းငှာ၊ ကျွန်တော်အပ်ပေးပါမည်ဟု လျှောက်လေ၏။ Ver Capítulo |
ထို့နောက် ဟာမန်က အာရွှေရုမင်းကြီးအား “အရှင်မင်းကြီးပိုင်နိုင်ငံတော်တစ်ဝန်းလုံးရှိ နယ်မြေဒေသအသီးသီးမှပြည်သူပြည်သားများကြားတွင် ကွဲလွင့်ပျံ့နှံ့နေသောလူမျိုးတစ်မျိုးရှိပါ၏။ သူတို့၏စည်းမျဉ်းဥပဒေများသည် အခြားလူမျိုးအပေါင်းတို့နှင့်မတူ။ သူတို့သည် အရှင်မင်းကြီး၏စည်းမျဉ်းဥပဒေများကို မလိုက်နာသောကြောင့် သူတို့ကို ဤအတိုင်းလွှတ်ထားလျှင် အရှင်မင်းကြီးအတွက် အကျိုးမရှိနိုင်ပါ။
ကျွန်တော်မျိုးမနှင့်ကျွန်တော်မျိုးမ၏လူမျိုးတို့သည် လွတ်လမ်းမရှိ သုတ်သင်ပယ်ရှင်းခံရရန် ရောင်းစားခံလိုက်ရပါပြီ။ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် ရောင်းစားခံရလျှင် ဘာမျှမပြောဘဲနေပါမည်။ ဤဒုက္ခမျှလောက်နှင့်သာဆိုလျှင် အရှင်မင်းကြီးကိုအနှောင့်အယှက်မပေးဘဲ နေပါမည်”ဟု လျှောက်တင်လေ၏။