ဧသတာ 2:7 - မြန်မာ့စံမီသမ္မာကျမ်း7 မော်ဒကဲသည် မိမိဘထွေး၏သမီး ဟဒဿ ခေါ် ဧသတာကို ထိန်းကျောင်းပေးခဲ့ရ၏။ အကြောင်းမှာ ထိုမိန်းကလေးသည် မိဘမရှိ၊ ရုပ်ရည်မှာ ချစ်စရာကောင်း၍ လှပသောအဆင်းရှိ၏။ သူ၏မိဘများ သေဆုံးသွားသဖြင့် မော်ဒကဲသည် သူ့ကိုသမီးသဖွယ် စောင့်ရှောက်ပေးခဲ့ခြင်းဖြစ်၏။ Ver CapítuloCommon Language Bible7 သူ့မှာဧသတာဆိုသူနှမဝမ်းကွဲရှိ၏။ ဧသတာ၏ယုဒနာမည်ကားဟဒဿ တည်း။ သူ၏မိဘများကွယ်လွန်သွားသော အခါမော်ဒကဲသည်သူ့ကိုမွေးစားကာ မိမိ၏သမီးအရင်းသဖွယ်ကျွေးမွေး ပြုစုခဲ့၏။ ဧသတာသည်အဆင်းလှ၍ ကိုယ်လုံးကိုယ်ပေါက်ကောင်းသည့်အမျိုး သမီးကလေးတစ်ဦးဖြစ်ပေသည်။ Ver CapítuloGarrad Bible7 ထို မော် ဒ ကဲ သည်၊ မိ သက် ဆိုး၊ ဘ သက် ဆိုး ဖြစ် သူ၊ အ ဆင်း သ ဏ္ဌာန် လှ၍ ရှု ချင် ဖွယ် ကောင်း သော၊ ဘ ထွေး သ မီး၊ ဟ ဒ သာ ခေါ် ဧ သ တာ ကို၊ မိ ဘ တို့ သေ က တည်း က၊ သ မီး ရင်း သ ဖွယ် ထား လျက် မွေး စား လေ၏။ Ver CapítuloJudson Bible7 ထိုသူသည် ဘထွေးသမီး ဟဒဿတည်းဟူသော ဧသတာကို မွေးမြူ၏။ ထိုသတို့သမီးသည် မိဘမရှိ၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှ၏။ မိဘသေသောအခါ၊ မော်ဒကဲသည် ယူ၍ ကိုယ်သမီးကဲ့သို့ မှတ်သတည်း။ Ver Capítulo |
မော်ဒကဲက မိမိသမီးသဖွယ်စောင့်ရှောက်ထားသော မော်ဒကဲ၏ဘထွေးအဘိဟဲလ၏သမီးဧသတာသည် ရှင်ဘုရင်ထံဝင်ရမည့်အလှည့်ရောက်လာ၏။ သူသည် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ နန်းတွင်းမိန်းမစိုး အပျိုတော်အုပ်ဟေဂဲ အကြံပေးသည့်အတိုင်းသာ သွား၏။ ဧသတာကို တွေ့မြင်သမျှသောသူတို့သည် သူ့ကို သဘောကျနှစ်သက်ကြ၏။