ဧသတာ 2:23 - မြန်မာ့စံမီသမ္မာကျမ်း23 ထိုအကြောင်းကိုစုံစမ်းတွေ့ရှိသောအခါ ထိုသူနှစ်ဦးကို သစ်တိုင်၌ချိတ်ဆွဲထား၏။ ထိုအကြောင်းကို ရှင်ဘုရင်ရှေ့မှောက်၌ ရာဇဝင်ချုပ်မှတ်တမ်းစာလိပ်ထဲတွင် မှတ်တမ်းတင်ထားလေ၏။ Ver CapítuloCommon Language Bible23 ထိုအမှုကိုစုံစမ်းစစ်ဆေးသောအခါ မော်ဒကဲပေးသည့်သတင်းမှန်ကန်ကြောင်း တွေ့ရှိရသဖြင့် ထိုသူနှစ်ယောက်စလုံးပင် လည်ဆွဲတိုင်၌ကွပ်မျက်ခြင်းကိုခံရကြ လေသည်။ မင်းကြီးသည်ဤအမှုကိုအင် ပါယာနိုင်ငံတော်မှတ်တမ်းများတွင်ရေး မှတ်ထားစေတော်မူ၏။ Ver CapítuloGarrad Bible23 ထို သူ နှစ် ယောက် တို့ ကို လည် ဆွဲ တိုင်၌ ဆွဲ ထား၍၊ နေ့ စဉ် မှတ် စာ တန်း တွင်၊ ဘု ရင် မင်း ရှေ့ တင် သွင်း ကြ သ တည်း။ Ver CapítuloJudson Bible23 ထိုအမှုကို စစ်ကြော၍ အမှန်သိသောအခါ၊ ထိုသူနှစ်ယောက်တို့ကို သစ်ပင်၌ လည်ဆွဲချပြီးမှ၊ ရှင်ဘုရင်ရှေ့၊ နန်းတော်မှတ်စာ၌ ရေးမှတ်သတည်း။ Ver Capítulo |
အရှင်မင်းကြီး၊ ဘိုးဘေးတော်တို့ထားခဲ့သောမှတ်တမ်းလွှာများကို ရှာဖွေစိစစ်ကြည့်ပါ။ ဤမြို့သည် ပုန်ကန်တတ်သောမြို့၊ ဘုရင်များနှင့် တိုင်းပြည်၏အကျိုးကို ဆုတ်ယုတ်စေသောမြို့၊ ရှေးယခင်ကပင် ဆူပူအုံကြွမှုဖြစ်စေတတ်သောမြို့ဖြစ်သောကြောင့် ဖျက်ဆီးခံခဲ့ရကြောင်းကို မှတ်တမ်းလွှာများတွင် တွေ့ရှိရပါလိမ့်မည်။
ထိုအခါ သူ့ဇနီးဇေရက်နှင့် သူ့မိတ်ဆွေအပေါင်းတို့က “အတောင်ငါးဆယ်မြင့်သောသစ်တိုင်တစ်ခုကိုပြုလုပ်စေပြီး မော်ဒကဲကို ထိုသစ်တိုင်ပေါ်တွင်ဆွဲထားမည့်အကြောင်း မနက်ဖြန်မနက်တွင် ရှင်ဘုရင်ထံ အခွင့်တောင်းပါ။ ပြီးမှ ရှင်ဘုရင်နှင့်အတူ စားသောက်ပွဲသို့ ဝမ်းမြောက်စွာသွားပါ”ဟု အကြံပေးကြ၏။ ဟာမန်သည်လည်း ထိုအကြံကိုနှစ်သက်သဖြင့် သစ်တိုင်ကိုပြုလုပ်စေ၏။