ဧသတာ 1:20 - မြန်မာ့စံမီသမ္မာကျမ်း20 အရှင်မင်းကြီးချမှတ်သောအမိန့်ကို ကျယ်ပြောလှသောနိုင်ငံတစ်ဝန်းလုံးသို့ ကြေညာလျှင် အယုတ်အလတ်အမြတ်မရွေး မိန်းမအပေါင်းတို့သည် ကိုယ့်ယောက်ျားကို ကိုယ်ရိုသေနာခံကြလိမ့်မည်”ဟု လျှောက်တင်လေ၏။ Ver CapítuloCommon Language Bible20 အရှင်၏အမိန့်တော်ကို ဤကျယ်ဝန်းသည့် အင်ပါယာနိုင်ငံတော်တစ်လျှောက်လုံးတွင် ကြေညာလိုက်သောအခါ အမျိုးသမီး အပေါင်းတို့သည်မိမိတို့၏ခင်ပွန်းများ အားဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေရိုသေကြပါလိမ့်မည်'' ဟုလျှောက် ၏။ Ver CapítuloGarrad Bible20 ဘု ရင် မင်း အ မိန့် တော် ကို ကျယ် ဝန်း သော နိုင် ငံ တစ် လျှောက်၊ ထုတ် ဆင့် တော် မူ သော အ ခါ၊ အ ယုတ်၊ အ လတ်၊ အ မြတ် ဖြစ် သော ခင် ပွန်း တို့ အား၊ မိန်း မ အ ပေါင်း တို့ ရို သေ ကြ ပါ လိမ့် မည် ဟု တင် လျှောက် လေ ၏။ Ver CapítuloJudson Bible20 သို့ပြုလျှင် ရှင်ဘုရင်ပေးတော်မူသော အမိန့်တော်ကို ကျယ်ဝန်းသော နိုင်ငံတော်တစ်လျှောက်လုံး ကြော်ငြာသောအခါ၊ မိန်းမအပေါင်းတို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေကြပါလိမ့်မည်ဟု ရှင်ဘုရင်နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။ Ver Capítulo |