Biblia Todo Logo
La Biblia Online
- Anuncios -




ဧ​သ​တာ 1:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 မိဖုရား​၏​အပြုအမူ​ကို မိန်းမ​အပေါင်း​တို့​ကြားသိ​လျှင် ‘အာရွှေရု​မင်းကြီး​သည် မိဖုရား​ဝါရှတိ​ကို ရှေ့မှောက်​သို့ အခစားဝင်​စေ​သည်​ကို​ပင် သူ​မ​ဝင်’​ဟု ပြောဆို​ကြ​ပြီး ကိုယ့်​ခင်ပွန်း​ကို မထီမဲ့မြင်ပြု​ကြ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

17 အင်​ပါ​ယာ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​အ​မျိုး သ​မီး​အ​ပေါင်း​သည် မိ​ဖု​ရား​ပြု​သည့်​အ​မှု ကို​ကြား​သိ​လျှင် မိ​မိ​တို့​ခင်​ပွန်း​များ​အား အ​ထင်​သေး​ကြ​ပါ​လိမ့်​မည်။ သူ​တို့​က``ဇေ​ရဇ် မင်း​သည်​ဝါ​ရှ​တိ​မိ​ဖု​ရား​အား​အ​မိန့်​ပေး ၍​ခေါ်​ယူ​ပါ​သော်​လည်း မိ​ဖု​ရား​က​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​ဟု​ပြော​ဆို​ကြ​ပါ လိမ့်​မည်။-

Ver Capítulo Copiar

Garrad Bible

17 မိ ဖု ရား ဝါ ရှ တိ ကို ဘု ရင် အာ ရွှေ ရု မင်း ခေါ် ၍ မ လာ ဟု၊ အ နှံ့ အ ပြား ပြော ဆို ကြ သည့် ကာ လ၊ မိ ဖု ရား ပြု သော ဤ အ မှု ကို ခပ် သိမ်း သော မိန်း မ တို့ ကြား သိ လျှင်၊ ကိုယ့် ခင် ပွန်း အား မ ထီ လေး စား ပြု ကြ မည် သာ မ က၊

Ver Capítulo Copiar

Judson Bible

17 ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် မိ​ဖု​ရား​ဝါ​ရှ​တိ​ကို ခေါ်၍၊ မိ​ဖု​ရား​မ​လာ​ဟု အ​နှံ့​အ​ပြား ပြော​ကြ​သ​ဖြင့်၊ မိ​ဖု​ရား​ပြု​သော ဤ​အ​မှု​ကို ခပ်​သိမ်း​သော​မိန်း​မ​တို့​သည် ကြား၍ မိ​မိ​တို့​ခင်​ပွန်း​ကို မ​ထီ​မဲ့​မြင် ပြု​ကြ​ပါ​လိမ့်​မည်။

Ver Capítulo Copiar




ဧ​သ​တာ 1:17
5 Referencias Cruzadas  

ဒါဝိဒ်​မြို့​တွင်း​သို့ ထာဝရဘုရား​၏​သေတ္တာ​တော် ဝင်ရောက်​လာ​သောအခါ ရှောလု​မင်းကြီး​၏​သမီး​တော် မိခါလ​သည် ပြတင်းပေါက်​မှ​လှမ်းကြည့်​ရာ ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​တွင် က​ခုန်​လျက်​လိုက်ပါ​လာ​သည်​ကို မြင်​လျှင် သူ့​စိတ်​ထဲတွင် ဒါဝိဒ်​မင်းကြီး​ကို မထီလေးစားပြု​မိ​လေ​၏​။


အာရွှေရု​မင်းကြီး​စိုးစံ​ချိန် အစောပိုင်း​တွင် ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​အား စွပ်စွဲ​သော​တိုင်စာ​ကို ရေးပို့​ကြ​၏​။


ထိုအခါ မမုကန်​က ရှင်ဘုရင်​နှင့် မှူးမတ်​တို့​ရှေ့​တွင် “​မိဖုရား​ဝါရှတိ​သည် အရှင်မင်းကြီး​ကို​သာ ငြင်းဆန်​သည်​မ​ဟုတ်​။ မှူးမတ်​အားလုံး​နှင့် အရှင်မင်းကြီး​အာရွှေရု​၏​ပြည်​တစ်ပြည်လုံး​ရှိ ပြည်သူပြည်သား​အားလုံး​တို့​ကို​လည်း ဆန့်ကျင်​လေ​ပြီ​။


ယနေ့​လည်း မိဖုရား​၏​အပြုအမူ​ကို​ကြားသိ​ကြ​သော ပါးရှား​ပြည်​နှင့် မေဒိ​ပြည်​မှ​အကြီးအကဲ​ကတော်​တို့​သည် အရှင်မင်းကြီး​ခန့်ထား​သော​အကြီးအကဲ​အပေါင်း​တို့​ကို ထို​အတိုင်း ပြောဆို​ဆက်ဆံ​ကြ​ပါ​လိမ့်မည်​။ သို့ဖြစ်၍ မထီလေးစားပြု​ခြင်း​နှင့် အမျက်ထွက်​ခြင်း​တို့ များပြား​လာ​ပါ​လိမ့်မည်​။


မည်သို့ပင်ဖြစ်စေ သင်​တို့​တစ်ဦးစီ​သည်​လည်း မိမိကိုယ်ကို​ချစ်​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်​ကြ​လော့။ ဇနီးသည်​တို့​သည်​လည်း မိမိ​ခင်ပွန်းသည်​ကို ရိုသေ​ကြ​လော့။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos