ဧဖက် 5:29 - မြန်မာ့စံမီသမ္မာကျမ်း29 အကြောင်းမူကား မိမိကိုယ်ခန္ဓာကိုမုန်းသောသူဟူ၍ တစ်ယောက်မျှမရှိဖူးချေ။ ခရစ်တော်သည် အသင်းတော်အားပြုတော်မူသကဲ့သို့ လူတိုင်း မိမိကိုယ်ခန္ဓာကိုပြုစုပျိုးထောင်၍ ယုယမြတ်နိုးတတ်၏။ Ver CapítuloCommon Language Bible29 (အဘယ်သူမျှမိမိကိုယ်ခန္ဓာကိုမုန်းသည်ဟူ၍ မရှိ။ မုန်းမည့်အစားသူသည်မိမိကိုယ်ကိုကျွေး မွေးပြုစု၏။ အသင်းတော်အားခရစ်တော် ကျွေးမွေးပြုစုတော်မူသကဲ့သို့တည်း။- Ver CapítuloGarrad Bible29-30 ကိုယ် ခ န္ဓာ တွင် အင်္ဂါ များ ဖြစ် သော အ သင်း တော် ကို ခ ရစ် တော် မွေး မြူ ပြု စု တော် မူ သ ကဲ့ သို့ လူ တိုင်း ကိုယ့် အ သား ကို မ မုန်း ဘဲ မွေး မြူ ပြု စု တတ် ၏။ Ver CapítuloJudson Bible29 ကိုယ်အသားကို မုန်းသောသူ တစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူ သကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း29 မိမိကိုယ်ခန္ဓာကို မုန်းသောသူ ဟူ၍ တစ်ယောက်မျှ မရှိပေ။ လူသည် မိမိကိုယ်ခန္ဓာကို ပြုစုစောင့်ရှောက်တတ်၏။ ခရစ်တော်သည်လည်း အသင်းတော်ကို ပြုစုစောင့်ရှောက်၏။ Ver Capítulo |
တောထဲရှိအပင်တို့သည် အသီးသီးလိမ့်မည်။ မြေကြီးသည် အသီးအနှံကို ဖြစ်ထွန်းစေမည်။ သူတို့သည် နေရင်းပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ထမ်းထားရသောထမ်းပိုးကိုချိုး၍ သူတို့အားကျွန်ပြုသောသူတို့လက်မှ သူတို့ကို ကယ်နုတ်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။