ဧဖက် 5:10 - မြန်မာ့စံမီသမ္မာကျမ်း10 သခင်ဘုရားနှစ်သက်တော်မူသောအရာသည် မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိရှိကြလော့။ Ver CapítuloCommon Language Bible10 သခင်ဘုရားနှစ်သက်တော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုကြိုးစား ၍သင်ယူကြလော့။- Ver CapítuloGarrad Bible10 မည် သည့် အ ရာ ကို အ ရှင် ဘု ရား နှစ် သက် တော် မူ ကြောင်း စံ ချ လျက်၊ Ver CapítuloJudson Bible10 သခင်ဘုရားနှစ်သက်တော်မူသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြလော့။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း10 သခင်ဘုရား နှစ်သက်တော်မူသောအရာမှာ မည်သည့်အရာ ဖြစ်သည်ကို ဆန်းစစ်ကြလော့။ Ver Capítulo |
တစ်စုံတစ်ယောက်သောမုဆိုးမတွင် သားသမီး၊ သို့မဟုတ် မြေးများရှိလျှင် ထိုသားမြေးတို့သည် ဘာသာရေးဝတ္တရားတည်းဟူသော မိမိတို့အိမ်သူအိမ်သားကိုပြုစုခြင်းနှင့် မိဘဘိုးဘွားတို့အား ကျေးဇူးပြန်ဆပ်ခြင်းတို့ကို ဦးစွာသင်ယူကြစေ။ အကြောင်းမူကား ဤသို့ပြုခြင်းသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
ထို့နောက် ဒါဝိဒ်သည် စစ်ဝတ်တန်ဆာပေါ်၌ ဓားကိုသိုင်းလွယ်ထားပြီး လမ်းလျှောက်ကြည့်၏။ စစ်ဝတ်တန်ဆာကို တစ်ခါမျှ မဝတ်ဖူးသဖြင့် လျှောက်၍မရ။ ထို့ကြောင့် ဒါဝိဒ်က ရှောလုမင်းကြီးအား “အကျွန်ုပ်ဝတ်နေကျမဟုတ်သော ဤဝတ်စုံများနှင့် မသွားနိုင်ပါ”ဟု ဆိုပြီး ဒါဝိဒ်သည် ကိုယ်ပေါ်မှ စစ်ဝတ်တန်ဆာများကို ချွတ်ပစ်လေ၏။