ဧဖက် 4:5 - မြန်မာ့စံမီသမ္မာကျမ်း5 သခင်တစ်ပါးတည်း၊ ယုံကြည်ခြင်းတစ်ပါးတည်း၊ ဗတ္တိဇံတစ်ပါးတည်းရှိ၏။ Ver CapítuloCommon Language Bible5 သခင်တစ်ပါးတည်း၊ ယုံကြည်ခြင်းတစ်ပါးတည်း၊ ဗတ္တိဇံတစ်ပါးတည်း၊- Ver CapítuloGarrad Bible5 ကိုယ် ခ န္ဓာ တော် တစ် ပါး၊ ဝိ ညာဉ် တော် တစ် ပါး၊ အ ရှင် ဘု ရား တစ် ပါး၊ ယုံ ကြည် ခြင်း တ ရား တစ် ပါး၊ ဗ တ္တိ ဇံ မင်္ဂ လာ တစ် ပါး၊ Ver CapítuloJudson Bible5 သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံတစ်ပါး၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း5 သခင်တစ်ပါးတည်း၊ ယုံကြည်ခြင်းတစ်ပါးတည်း၊ နှစ်ခြင်းမင်္ဂလာတစ်ပါးတည်း ရှိ၏။ Ver Capítulo |
ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန္သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္ထနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။
အကြောင်းမူကား တစ်စုံတစ်ယောက်သောသူသည်လာ၍ ငါတို့မဟောပြောခဲ့သည့် အခြားသောယေရှုအကြောင်းကို ဟောပြောလျှင်ဖြစ်စေ၊ သင်တို့မရရှိဖူးသော အခြားဝိညာဉ်ကို သင်တို့ရရှိလျှင်ဖြစ်စေ၊ သင်တို့မခံယူခဲ့သော အခြားကောင်းမြတ်သောသတင်းကို သင်တို့ခံယူလျှင်ဖြစ်စေ သင်တို့သည် ကောင်းစွာသည်းခံနေကြ၏။
ဘုရားသခင်၏အစေအပါးနှင့် ယေရှုခရစ်တော်၏တမန်တော်ဖြစ်သော ငါပေါလုသည် စာရေးလိုက်ပါ၏။ ငါသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့၏ယုံကြည်ခြင်းအတွက်လည်းကောင်း၊ ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်အညီ သမ္မာတရားကိုသိရှိစေရန်အတွက်လည်းကောင်း တမန်တော်ဖြစ်လာ၏။
ချစ်ရသောသူတို့၊ ငါတို့အားလုံးနှင့်ဆိုင်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံရေးသားပေးပို့ရန် အလွန်ကြိုးစားလျက်နေစဉ်မှာပင် သန့်ရှင်းသူတို့ထံ တစ်ကြိမ်တည်းနှင့်အပြီးပေးအပ်တော်မူသောယုံကြည်ခြင်းအတွက် ကြိုးစားတိုက်ခိုက်ကြမည့်အကြောင်း သင်တို့အား စာရေး၍တိုက်တွန်းနှိုးဆော်ရန် လိုအပ်သည်ဟု ငါတွေ့ရ၏။