ဧဖက် 4:32 - မြန်မာ့စံမီသမ္မာကျမ်း32 အချင်းချင်းကျေးဇူးပြုလျက် သနားစုံမက်ကြကာ ဘုရားသခင်သည် ခရစ်တော်၌ သင်တို့ကိုခွင့်လွှတ်တော်မူသကဲ့သို့ အချင်းချင်းခွင့်လွှတ်ကြလော့။ Ver CapítuloCommon Language Bible32 သင်တို့သည်တစ်ဦးကိုတစ်ဦးသနားချစ်ခင်ကြ လော့။ ဘုရားသခင်သည်ခရစ်တော်ကြောင့်သင်တို့ အားအပြစ်လွှတ်တော်မူသည့်နည်းတူ သင်တို့သည် လည်းတစ်ဦးနှင့်တစ်ဦးအပြစ်လွှတ်ကြလော့။ Ver CapítuloGarrad Bible32 တစ် ဦး ကို တစ် ဦး ထောက် ထား ညှာ တာ လျက် သင် တို့ ကို ခ ရစ် တော်၌ ဘု ရား သ ခင် ချမ်း သာ ပေး တော် မူ သည့် နည်း တူ အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။ Ver CapítuloJudson Bible32 အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း32 သင်တို့သည် တစ်ဦးကို တစ်ဦး ကျေးဇူးပြုကြလော့။ သနားကြင်နာကြလော့။ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့ကို ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့သည်လည်း တစ်ဦးကို တစ်ဦး ခွင့်လွှတ်ကြလော့။ Ver Capítulo |
သို့သော် သင်တို့သည် သင်တို့၏ရန်သူများကို ချစ်ကြလော့။ ကောင်းသောအမှုကိုပြုကြလော့။ မည်သည့်အရာမျှ ပြန်လည်ရရှိရန်မမျှော်လင့်ဘဲ ချေးငှားကြလော့။ ထိုသို့ပြုလျှင် သင်တို့ရရှိမည့်ဆုလာဘ်သည်ကြီးမား၍ သင်တို့သည် အမြင့်ဆုံးသောဘုရား၏သားသမီးများဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ထိုအရှင်သည် ကျေးဇူးမသိသောသူနှင့် ဆိုးသောသူတို့အားလည်း ကျေးဇူးပြုတော်မူ၏။
သူတစ်ပါးကိုမစီရင်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း စီရင်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုအပြစ်ရှိသည်ဟုမသတ်မှတ်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း အပြစ်ရှိသည်ဟုသတ်မှတ်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုခွင့်လွှတ်ကြလော့။ သို့ပြုလျှင် သင်တို့သည်လည်း ခွင့်လွှတ်ခြင်းကိုခံရကြလိမ့်မည်။