ဧဖက် 4:25 - မြန်မာ့စံမီသမ္မာကျမ်း25 ထို့ကြောင့် မုသားစကားကိုဖယ်ရှား၍ သင်တို့တစ်ဦးစီသည် မိမိဝန်းကျင်၌ရှိသောသူအား မှန်သောစကားကိုပြောကြလော့။ အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်အင်္ဂါချင်းများဖြစ်ကြ၏။ Ver CapítuloCommon Language Bible25 ထို့ကြောင့်မုသားကိုမပြောကြနှင့်။ ငါတို့အပေါင်း သည် ခရစ်တော်၏ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ် ကြသဖြင့် ယုံကြည်သူအချင်းချင်းအားသစ္စာ စကားကိုပြောကြလော့။- Ver CapítuloGarrad Bible25 သို့ ဖြစ်၍ ငါ တို့ သည် ကိုယ် အင်္ဂါ ချင်း ဖြစ် ကြ သော ကြောင့် မု သာ ကို စွန့် ပယ် လျက်၊ သ စ္စာ စ ကား ကို အ ချင်း ချင်း ပြော ဆို ကြ လော့။ Ver CapítuloJudson Bible25 ထိုကြောင့် မုသားစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း25 ထို့ကြောင့် လိမ်လည်၍ မပြောကြနှင့်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြစ်ကြသောကြောင့် တစ်ဦးကို တစ်ဦး မှန်သောစကားကိုသာ ပြောကြလော့။ Ver Capítulo |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။