ဧဖက် 3:7 - မြန်မာ့စံမီသမ္မာကျမ်း7 တန်ခိုးတော်၏လုပ်ဆောင်မှုအားဖြင့် ငါ့အားပေးအပ်ထားသော ဘုရားသခင်၏ကျေးဇူးတော်ဆိုင်ရာကောင်းချီးလက်ဆောင်နှင့်အညီ ငါသည် ထိုကောင်းမြတ်သောသတင်းနှင့်ဆိုင်သော အမှုတော်ဆောင်ဖြစ်လာ၏။ Ver CapítuloCommon Language Bible7 တန်ခိုးတော်ပြုပြင်သောအားဖြင့်ငါ့အား ဘုရားသခင်ပေးသနားတော်မူသောအထူး ဆုကျေးဇူးတော်နှင့်အညီငါသည်သတင်း ကောင်းကိုကြေညာသူဖြစ်လာ၏။- Ver CapítuloGarrad Bible7 တန် ခိုး တော် ပြု ပြင် ခြင်း ဖြင့် ဘု ရား သ ခင် ပေး သ နား တော် မူ သော ဆု ကျေး ဇူး တော် အ လျောက် ငါ သည် ထို သ တင်း တော် မြတ် ဆောင် ရွက် သူ ဖြစ်၏။ Ver CapítuloJudson Bible7 တန်ခိုးတော်ပြုပြင်သောအားဖြင့် ငါ့အားပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ ထိုတရားကို ဟောပြောသော ဆရာ၏အဖြစ်သို့ ငါရောက်ရပြီ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း7 တန်ခိုးတော် သက်ဝင်လှုပ်ရှားမှုကြောင့် ကျွန်ုပ်အား ဘုရားသခင် ပေးသနားတော်မူသည့် ကျေးဇူးတော်နှင့်ဆိုင်သော အထူးတာဝန်ကို ခံစားရသည်နှင့်အညီ ကျွန်ုပ်သည် ထိုသတင်းကောင်းကို ဟောပြောသူ ဖြစ်လာ၏။ Ver Capítulo |
ငါ့အားပေးအပ်တော်မူသော ကျေးဇူးတော်အားဖြင့် သင်တို့ထဲတွင်ရှိသောသူအားလုံးကို ငါမှာကြားလိုသည်မှာ သင်တို့သည် မိမိကိုယ်ကို ထင်သင့်သည်ထက် ပို၍အထင်မကြီးကြဘဲ သင်တို့အသီးသီးအား ဘုရားသခင်ခွဲဝေပေးတော်မူသော ယုံကြည်ခြင်းအတိုင်းအတာနှင့်အညီ သင့်တင့်လျောက်ပတ်စွာ ထင်မြင်ကြလော့။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။
ထိုဦးခေါင်းမှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် ထောက်မပေးသောအဆစ်ရှိသမျှတို့ဖြင့် အံဝင်ခွင်ကျဆက်စပ်ခြင်းနှင့် ပေါင်းစည်းခြင်းကိုခံရလျက် အင်္ဂါအစိတ်အပိုင်းတစ်ခုစီသည် မိမိအငန်းအတာအလိုက် လုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကို ချစ်ခြင်းမေတ္တာ၌တည်ဆောက်ကာ ကိုယ်ခန္ဓာကိုကြီးထွားစေ၏။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။