ဧဖက် 3:19 - မြန်မာ့စံမီသမ္မာကျမ်း19 အသိပညာထက် ထူးကဲသောခရစ်တော်၏ချစ်ခြင်းမေတ္တာတော်ကိုသိရှိ၍ ဘုရားသခင်၏ပြည့်စုံတော်မူခြင်းအပေါင်းတို့ဖြင့် ပြည့်စုံခြင်းသို့ရောက်ကြမည့်အကြောင်း ငါဆုတောင်း၏။ Ver CapítuloCommon Language Bible19 ကိုယ်တော်၏မေတ္တာတော်ကိုအဘယ်အခါ၌ မျှအပြည့်အဝနားလည်နိုင်မည်မဟုတ်သော် လည်း သင်တို့သည်ထိုမေတ္တာတော်ကိုသိရှိနား လည်လာကြသဖြင့် ဘုရားသခင်ပြည့်စုံသည် နှင့်အမျှပြည့်စုံစေတော်မူရန်ဆုတောင်းပတ္ထ နာပြု၏။ Ver CapítuloJudson Bible19 ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှာလည်းကောင်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည့်စုံတော်မူခြင်း ရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏။- Ver Capítulo |
သင်တို့အားလုံးနှင့်ပတ်သက်၍ ဤကဲ့သို့ ငါသဘောထားသည်မှာ သင့်မြတ်ပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအချုပ်အနှောင်ခံရသောအရာ၌လည်းကောင်း၊ ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေး၍ အတည်ပြုပြောဆိုရာ၌လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကိုမျှဝေခံစားသူများဖြစ်ကြသဖြင့် သင်တို့သည် ငါ၏စိတ်နှလုံး၌ရှိကြ၏။