ဧဖက် 2:20 - မြန်မာ့စံမီသမ္မာကျမ်း20 သင်တို့သည် တမန်တော်များနှင့်ပရောဖက်များ၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းခံရကြ၍ ခရစ်တော်ယေရှုကိုယ်တော်တိုင် ထောင့်ချုပ်ကျောက်ဖြစ်တော်မူ၏။ Ver CapítuloCommon Language Bible20 သင်တို့သည်လည်းတမန်တော်များနှင့်ပရောဖက် များချမှတ်ခဲ့သည့်တိုက်မြစ်အပေါ်တွင်တည် ဆောက်လျက်ရှိသည့်အဆောက်အအုံဖြစ်ကြ၏။ ထိုအဆောက်အအုံ၏အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက်ကားခရစ်တော်ယေရှုပင်ဖြစ် သတည်း။- Ver CapítuloGarrad Bible20 တ မန် တော် တို့ နှင့် ပ ရော ဖက် တို့ တည်း ဟူ သော တိုက် မြစ် အ ပေါ် တွင် တည် ဆောက် ရ ကြ သည့် အ တိုင်း ထောင့် စွန်း ကျောက် ဖြစ် သော ခ ရစ် တော် ယေ ရှု၌ အ ဆောင် ဆောင် စေ့ စပ် လျက်၊ Ver CapítuloJudson Bible20 အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း20 သင်တို့သည် တမန်တော်များနှင့် ပရောဖက်များ၏ အုတ်မြစ်ပေါ်တွင် တည်ဆောက်သော အဆောက်အအုံကဲ့သို့ ဖြစ်ကြပြီး ယေရှုခရစ်တော်ကိုယ်တိုင်သည် ထောင့်ချုပ်ကျောက် ဖြစ်တော်မူ၏။ Ver Capítulo |
ဘုရားသခင်သည် အသင်းတော်၌ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် တန်ခိုးလက္ခဏာကိုပြုသောသူများ၊ ထို့နောက် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးရရှိသူများ၊ ကူညီမစသူများ၊ စီမံအုပ်ချုပ်သူများ၊ အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသောသူများ စသည်တို့ကို ခန့်ထားတော်မူ၏။
ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားတို့ထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူတို့ထံသို့သွားရန် သဘောတူကြ၏။