ဧဇရ 9:12 - မြန်မာ့စံမီသမ္မာကျမ်း
12 သို့ဖြစ်၍ သင်တို့၏သမီးများကို သူတို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့၏သမီးများကိုလည်း သင်တို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့ အစဉ်အေးအေးချမ်းချမ်းနေရဖို့၊ ကောင်းစားဖို့ သင်တို့မပြုကြနှင့်။ သို့မှ သင်တို့သည် အင်အားကြီးမည်။ ကောင်းသောပြည်ထွက်အစားအစာများကို စားရမည်။ သင်တို့၏သားမြေးတို့သည်လည်း ထိုပြည်ကို အစဉ်ပိုင်ဆိုင်နိုင်လိမ့်မည်’ဟု မိန့်ဆိုတော်မူပြီ။
Ver Capítulo Copiar
12 ကိုယ်တော်က၊ သင်တို့သွား၍ သိမ်းယူလတ္တံ့သောပြည်သည်၊ ပြည်သူပြည်သားတို့ အညစ်အကြေးကြောင့် ညစ်ညူးသောပြည် ဖြစ်၏။ တစ်ပြည်လုံးကို ရွံရှာဖွယ်အမှုတို့နှင့် ပြည့်စေကြပြီ။ သို့ဖြစ်၍ သင်တို့သမီးကို သူတို့သားအား မပေးစားကြနှင့်။ သူတို့၏သမီးကို သင်တို့သားနှင့် မစုံဖက်စေကြနှင့်။ သူတို့ချမ်းသာနှင့် သူတို့စည်းစိမ်ကို အလျှင်းမပြုစုကြနှင့်။ သင်တို့သည် ခွန်အားကြီး၍ မြေအသီးအနှံကို စားရသောအခွင့်၊ ထိုမြေကို ကိုယ်သားမြေးတို့၌ နိစ္စအမွေမြေဖြစ်စေ၍၊ အပ်ရသော အခွင့်ရှိစေခြင်းငှာ၊ ထိုသို့ကျင့်၍ နေကြလော့ဟု ကိုယ်တော်ကျွန်၊ ပရောဖက်တို့အားဖြင့် မှာထားတော်မူသော ပညတ်စကားတော်ကို အကျွန်ုပ်တို့သည် နားမထောင်ပါတကား။
Ver Capítulo Copiar