Biblia Todo Logo
La Biblia Online
- Anuncios -




ဧ​ဇ​ရ 8:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ဗိမာန်တော်​အစေအပါး​တို့​တွင် လေဝိ​အမျိုး​တို့​အမှု​တော်​ထမ်း​ရာ​၌ ကူညီ​ပေး​ရန် ဒါဝိဒ်​မင်းကြီး​နှင့်​အကြီးအကဲ​တို့ ခန့်ထား​ခဲ့​သော​ဗိမာန်တော်​အစေအပါး အယောက်​နှစ်ရာ့​နှစ်ဆယ်​တို့​ကို တစ်ယောက်မကျန်​အမည်​စာရင်း​နှင့်တကွ ပို့ဆောင်​ပေး​၏​။

Ver Capítulo Copiar

Common Language Bible

20 ထို့​ပြင်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို​ကူ​ညီ​ရန် ဒါ​ဝိဒ်​မင်း​နှင့်​မှူး​မတ်​တော်​များ​စီ​မံ​ခဲ့​သည့် ဗိ​မာန်​တော်​အ​လုပ်​သ​မား​နှစ်​ရာ့​နှစ်​ဆယ် တို့​လည်း​ပါ​လာ​လေ​သည်။ သူ​တို့​အား​လုံး ၏​နာ​မည်​များ​ကို​စာ​ရင်း​သွင်း​ထား​သ​တည်း။

Ver Capítulo Copiar

Garrad Bible

20 လေ ဝိ ဂိုဏ်း သား တို့ အား ထောက် ခံ ရန်၊ ဒါ ဝိဒ် မင်း နှင့် မှူး တော် မတ် တော် တို့ စီ မံ ခဲ့ သော ကျွန် သီး တော် တို့ အ နက်၊ စာ ရင်း ဝင် သူ နှစ် ရာ့ နှစ် ဆယ် တို့ ကို ခေါ် ခဲ့ ကြ ၏။

Ver Capítulo Copiar

Judson Bible

20 လေ​ဝိ​သား​တို့​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​နှင့် မှူး​တော်​မတ်​တော်​ခန့်​ထား​သော ဘု​ရား​ကျွန်​များ၊ စာ​ရင်း​ဝင်​သည်​အ​တိုင်း၊ နှစ်​ရာ​နှစ်​ကျိပ်​တို့​ကို ခေါ်​ခဲ့​ကြ၏။

Ver Capítulo Copiar




ဧ​ဇ​ရ 8:20
7 Referencias Cruzadas  

ကိုယ့်​မြို့​ကိုယ့်​မြေ​များ​သို့ ဦးစွာ​ပြန်​နေထိုင်​ရ​သူ​တို့​မှာ အစ္စရေး​အမျိုးသား ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ ဗိမာန်တော်​အစေအပါး​များ ဖြစ်​ကြ​၏​။


ဗိမာန်တော်​အစေအပါး​တို့​တွင် ဇိဟ​သားမြေး​၊ ဟသုဖ​သားမြေး​၊ တဗ္ဗောက်​သားမြေး​၊


အာတဇေရဇ်​မင်းကြီး နန်းစံ​သတ္တမ​နှစ်​တွင် အချို့​သော အစ္စရေး​အမျိုးသား​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုးသား​များ​၊ သီချင်းသည်​များ​၊ တံခါးစောင့်​များ​၊ ဗိမာန်တော်​အစေအပါး​များ​သည် ဂျေရုဆလင်​မြို့​သို့ ပြန်လာ​ကြ​၏​။


ကသိဖိ​အရပ်​ရှိ အကြီးအမှူး​ဣဒေါ​ထံသို့ စေလွှတ်​၍ ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​တွင် အမှု​တော်​ထမ်းဆောင်​မည့်​သူ​များ​ကို ပို့ဆောင်​ပေး​ပါ​ဟု ကသိဖိ​အရပ်​ရှိ​ဣဒေါ​နှင့် သူ့​ညီအစ်ကို​ဗိမာန်တော်​အစေအပါး​တို့​အား အမှာစကား ပါးလိုက်​၏​။


ဟာရှဘိ​နှင့်အတူ မေရာရိ​သားမြေး​မှ ယေရှာယ​၏​ညီအစ်ကို​များ​နှင့် သူ​တို့​၏​သား​များ စုစုပေါင်း အယောက်​နှစ်ဆယ်​၊


သို့ဖြစ်၍ သင်​သည် လေဝိ​အမျိုး​တို့​ကို အာရုန်​နှင့်​သူ​၏​သား​များ​ထံ အပ်နှံ​ရ​မည်​။ လေဝိ​အမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​အနက် အာရုန်​ထံ လုံးလုံး​အပ်နှံ​ခြင်း​ခံရ​သူ​များ​ဖြစ်​၏​။


အချင်း​စစ်မှန်​သော​ရဲဘော်ရဲဘက်၊ ထို​အမျိုးသမီး​တို့​ကို ကူညီ​မစ​ရန် သင့်​ကို​လည်း ငါ​တောင်းပန်​၏။ သူ​တို့​သည် အသက်​စာစောင်​တွင် နာမည်​ပါ​သူ​များ​ဖြစ်​ကြ​သည့် ကလေမင်​မှစ၍ အခြား​သော​ငါ​၏​လုပ်ဖော်ဆောင်ဖက်​များ​နှင့်တကွ ကောင်းမြတ်​သော​သတင်း​အတွက် ငါ​နှင့်အတူ​လက်တွဲ​လုပ်ဆောင်​ခဲ့​သူ​များ​ဖြစ်​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos