ဧဇရ 7:6 - မြန်မာ့စံမီသမ္မာကျမ်း6 ဧဇရသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားပေးထားတော်မူသော မောရှေ၏ပညတ်တရားကျမ်းကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ဖြစ်၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိသောကြောင့် သူတောင်းဆိုသမျှကို ရှင်ဘုရင်က ခွင့်ပြုပေး၏။ Ver CapítuloCommon Language Bible6 ဧဇရသည်မောရှေအားဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ပေးအပ်တော်မူသည့်ပညတ်ကျမ်းကိုကြေ ညက်စွာတတ်မြောက်သူပညာရှိကြီးဖြစ် ၏။ ဧဇရသည်ဘုရားသခင်၏ကောင်းချီး မင်္ဂလာကိုခံစားရသူဖြစ်သဖြင့် မင်း ကြီးသည်သူတောင်းသမျှသောအရာ တို့ကိုပေးသနားတော်မူလေသည်။- Ver CapítuloGarrad Bible6 ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော၊ မော ရှေ၏ ပ ည တ္တိ ကျမ်း ကို တတ် မြောက် သူ ဆ ရာ တော် ဧ ဇ ရ သည်၊ ဗာ ဗု လုန် မြို့ မှ ပြန် သွား မည့် ကာ လ၊ သူ့ အ ပေါ် တွင် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ လက် တော် တည် ရှိ သော ကြောင့်၊ တောင်း သ မျှ ကို ဘု ရင် မင်း ပေး ရ လေ၏။ Ver CapítuloJudson Bible6 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော မောရှေ၏ပညတ္တိကျမ်းစာကို လေ့ကျက်သောဆရာ ဖြစ်သောသူဧဇရသည် ဗာဗုလုန်မြို့မှ ထွက်သွား၏။ ထိုသူတောင်းသမျှကို သူ၏ဘုရားသခင် ထာဝရဘုရား တန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေးသနားတော်မူ၏။ Ver Capítulo |
ထာဝရဘုရားသည် သူတို့အား ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မူ၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်အိမ်တော် တည်ဆောက်ရာတွင်လည်း သူတို့အား အဆီးရီးယားဘုရင်ထောက်ပံ့ပေးလိုသောစိတ်ရှိစေရန် ပြုတော်မူသောကြောင့် သူတို့သည် တဆေးမဲ့မုန့်ပွဲတော်ကို ခုနစ်ရက်တိုင်တိုင် ဝမ်းမြောက်စွာကျင်းပကြ၏။
အကြောင်းမှာ “ငါတို့ဘုရားသခင်၏လက်တော်သည် ကိုယ်တော်ကိုရှာသောသူတို့ ကောင်းစားဖို့ဖြစ်၏။ ကိုယ်တော်ကိုစွန့်သောသူတို့၌ကား ကိုယ်တော်၏ကြီးမားသောအမျက်တော် တည်လျက်ရှိ၏”ဟု ရှင်ဘုရင်ကို ငါတို့ ပြောထားနှင့်ပြီဖြစ်၍ လမ်းခရီးတွင် ရန်သူလက်မှကာကွယ်ပေးရန် ရှင်ဘုရင်ထံ စစ်သည်နှင့် မြင်းစီးသူရဲများ တောင်းဆိုရမည်ကို ငါရှက်လှ၏။
ထို့ပြင် အိမ်တော်နားရှိ ရဲတိုက်တံခါးများ၊ မြို့တံတိုင်းနှင့် အကျွန်ုပ်နေဖို့အိမ်တို့ကို ဆောက်လုပ်ရန် သစ်များကိုပေးမည့်အကြောင်း အရှင်မင်းကြီး၏သစ်တောဝန်အာသပ်ထံ အမိန့်စာကို ပါးလိုက်တော်မူပါ”ဟု တောင်းလျှောက်ရာ ဘုရားသခင်သည် ငါနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် ရှင်ဘုရင်သည် ငါတောင်းဆိုသည့်အတိုင်း ပြုပေး၏။
လူအပေါင်းတို့သည် ပညတ်တရားစကားများကို ကြားရသောအခါ ငိုကြွေးကြ၏။ ထို့ကြောင့် ဘုရင်ခံနေဟမိ၊ ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရနှင့် လူတို့အား အဓိပ္ပာယ်ကိုရှင်းပြသောလေဝိသားတို့က “ယနေ့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့ ဖြစ်၏။ ထို့ကြောင့် မညည်းတွားကြနှင့်၊ မငိုကြွေးကြနှင့်”ဟု လူအပေါင်းတို့အား ဆို၏။
ငါလာသောအခါ အဘယ်ကြောင့် လူတစ်ယောက်မျှမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် ထူးသောသူမရှိသနည်း။ ငါ့လက်သည် မရွေးနုတ်နိုင်လောက်အောင် တိုလွန်းသလော။ ငါ၌ ကယ်တင်နိုင်သောတန်ခိုးမရှိသလော။ ငါဆုံးမသဖြင့် ပင်လယ်သည် ခန်းခြောက်၏။ ငါသည် မြစ်တို့ကို တောကန္တာရဖြစ်စေ၍ ငါးတို့သည် ရေမရှိသောကြောင့် အပုပ်နံ့ထွက်ကြ၏။ ရေငတ်၍သေကြ၏။