ဧဇရ 7:26 - မြန်မာ့စံမီသမ္မာကျမ်း26 ဘုရားသခင်၏ပညတ်တရား၊ ရှင်ဘုရင်ထုတ်ပြန်သောဥပဒေတို့ကို မလိုက်နာသောသူ မည်သူမဆို သေဒဏ်၊ ပြည်နှင်ဒဏ်၊ အိမ်ရာမြေသိမ်းယူခြင်းဒဏ်၊ ထောင်ဒဏ် စသည့်ပြစ်ဒဏ်တစ်ခုခုကို ချက်ချင်းကျခံစေ”ဟု ပါရှိ၏။ Ver CapítuloCommon Language Bible26 အကယ်၍သင့်ဘုရားသခင်၏ပညတ်တော် များကိုဖြစ်စေ၊ အင်ပါယာနိုင်ငံတော်၏ တရားဥပဒေများကိုဖြစ်စေချိုးဖောက် သူအားသေဒဏ်၊ ပြည်နှင်ဒဏ်၊ ထိုသူပိုင်ပစ္စည်း များကိုသိမ်းယူခြင်းဒဏ်၊ သို့မဟုတ်ထောင် ဒဏ်အလျင်အမြန်ခံစေ'' ဟူ၍ဖော်ပြ ပါရှိ၏။ Ver CapítuloGarrad Bible26 သင့် ဘု ရား သ ခင့် တ ရား တော်၊ ငါ့ ဘု ရင့် အ မိန့် တော် များ ကို၊ မ လိုက် မ နာ သူ မည် သူ မ ဆို၊ သေ ဒဏ်၊ နှင် ထုတ် ခြင်း ဒဏ်၊ သက် ရှိ သက် မဲ့ သိမ်း ယူ ခြင်း ဒဏ်၊ ထောင် ဒဏ် တစ် ရပ် ရပ် ကို၊ မု ချ ခံ စေ ဟူ၍ ထုတ် ဆင့် သ တည်း။ Ver CapítuloJudson Bible26 သင်၏ဘုရားသခင့်တရားနှင့် ရှင်ဘုရင်အမိန့်တော်ကို ငြင်းဆန်သောသူ မည်သည်ကား၊ အသေသတ်ခြင်း၊ နှင်ထုတ်ခြင်း၊ ဥစ္စာသိမ်းယူခြင်း၊ ထောင်ထဲမှာ လှောင်ထားခြင်းတည်းဟူသော ရာဇဝတ်တစ်စုံတစ်ခုကို အလျင်အမြန်ခံစေဟု အမိန့်တော်စာ၌ပါသတည်း။ Ver Capítulo |
ဤအမိန့်ကိုဆန့်ကျင်လျက် ဂျေရုဆလင်မြို့၌ရှိသော ဘုရားသခင်၏အိမ်တော်ကိုဖျက်ဆီးသောသူ မည်သူမဆို ရှင်ဘုရင်ဖြစ်စေ၊ ပြည်သားဖြစ်စေ ထိုအရပ်၌နာမတော်ကိုတည်စေသောဘုရားသခင်သည် သူတို့ကိုဖျက်ဆီးပါစေသော။ ငါဒါရိမင်းကြီးအမိန့်ထုတ်ပြန်၏။ အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်စေ”ဟု ရေးသားထား၏။
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။