ဧဇရ 7:14 - မြန်မာ့စံမီသမ္မာကျမ်း14 သင်လက်စွဲထားသော သင့်ဘုရားသခင်၏ပညတ်တရားနှင့်ပတ်သက်၍ ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို စစ်ဆေးရန် ရှင်ဘုရင်နှင့်အကြံပေးပုဂ္ဂိုလ်ခုနစ်ဦးတို့သည် သင့်ကို စေလွှတ်၏။ Ver CapítuloCommon Language Bible14 ငါဘုရင်မင်းမြတ်နှင့်ငါ၏အတိုင်ပင်ခံအ မတ်ခုနစ်ဦးတို့သည် သင့်အားယေရုရှလင် မြို့နှင့်ယုဒပြည်အခြေအနေကိုစုံစမ်းရန် စေလွှတ်သည်။ သင်သည်သင့်အားပေးအပ်ထား တော်မူသည့် သင့်ဘုရားသခင်၏တရား တော်ကိုလူတို့အဘယ်မျှလိုက်နာကျင့် သုံးကြသည်ကိုစုံစမ်းလော့။- Ver CapítuloGarrad Bible14 သင့် လက် ဝယ် ရှိ သော၊ ကိုယ့် ဘု ရား သ ခင်၏ ပ ည တ္တိ ကျမ်း နှင့် အ ညီ၊ ယု ဒ ပြည်၊ ယေ ရု ရှ လင် မြို့ အ ကြောင်း ကို မေး မြန်း စေ ရန် လည်း ကောင်း၊ Ver CapítuloJudson Bible14 အကြောင်းမူကား၊ သင်၏ ဘုရားသခင့်တရားကို သင်လေ့ကျက်သည်အတိုင်း၊ ယုဒပြည်ယေရုရှလင်မြို့၌ တရားအမှုများကို မေးမြန်းစစ်ဆေးစေခြင်းငှာလည်းကောင်း၊ Ver Capítulo |
အကျွန်ုပ်တို့သည် ယုဒပြည်ရှိ ကြီးမြတ်တော်မူသောဘုရားသခင်၏အိမ်တော်သို့ ရောက်ခဲ့ကြောင်း၊ ထိုအိမ်တော်ကို ကျောက်တုံးကြီးများနှင့်ဆောက်ထားပြီး နံရံတွင်သစ်သားများထည့်ထားကြောင်း၊ သူတို့သည် အားကြိုးမာန်တက်လုပ်ဆောင်သဖြင့် သူတို့၏အလုပ်သည် အထမြောက်အောင်မြင်လျက်ရှိကြောင်းကို အရှင်မင်းကြီးအား သိစေပါ၏။
ဤအမိန့်ကိုဆန့်ကျင်လျက် ဂျေရုဆလင်မြို့၌ရှိသော ဘုရားသခင်၏အိမ်တော်ကိုဖျက်ဆီးသောသူ မည်သူမဆို ရှင်ဘုရင်ဖြစ်စေ၊ ပြည်သားဖြစ်စေ ထိုအရပ်၌နာမတော်ကိုတည်စေသောဘုရားသခင်သည် သူတို့ကိုဖျက်ဆီးပါစေသော။ ငါဒါရိမင်းကြီးအမိန့်ထုတ်ပြန်၏။ အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်စေ”ဟု ရေးသားထား၏။
ဘုရားသခင်၏အိမ်တော် ပြန်လည်တည်ဆောက်ခြင်းအမှု၌ ဂျူးသက်ကြီးဝါကြီးတို့အား သင်တို့လုပ်ဆောင်ပေးရမည့်အရာနှင့်ပတ်သက်၍ ငါထုတ်ပြန်လိုက်သည်မှာ တည်ဆောက်ခြင်းအမှု ရပ်ဆိုင်းမသွားစေရန် ကုန်ကျစရိတ်ကို ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းမှရသော ဘုရင့်အခွန်ဘဏ္ဍာထဲမှ သူတို့အား အလျင်မီထုတ်ပေးရမည်။
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။