ဧဇရ 7:10 - မြန်မာ့စံမီသမ္မာကျမ်း10 ဧဇရသည် ထာဝရဘုရား၏ပညတ်တရားတော်များကို လေ့လာဆည်းပူးရန်၊ လိုက်နာကျင့်သုံးရန်နှင့် အစ္စရေးလူမျိုးတို့အားပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို သင်ကြားပြသပေးရန် ဆုံးဖြတ်ချက်ချထားသောသူဖြစ်၏။ Ver CapítuloCommon Language Bible10 ဧဇရသည်တစ်သက်ပတ်လုံး ထာဝရ ဘုရား၏ပညတ်ကျမ်းကိုလေ့လာဆည်း ပူးလိုက်နာကျင့်သုံးကာ ထိုကျမ်းတွင်ပါ ရှိသည့်ပညတ်များနှင့်စည်းမျဉ်းများကို ဣသရေလအမျိုးသားတို့အားသင် ကြားပို့ချပေး၏။ Ver CapítuloGarrad Bible10 သွား သည့် အ ကြောင်း ကား၊ ထာ ဝ ရ ဘု ရား၏ တ ရား တော် ကို ရှာ ဖွေ စောင့် ရှောက် လျက်၊ ထုံး ဖွဲ့ ဆုံး ဖြတ် တော် မူ ချက် များ ကို၊ ဣ သ ရေ လ လူ မျိုး အား သင် ကြား ရန် စိတ် စွဲ လမ်း ခြင်း ကြောင့် တည်း။ Ver CapítuloJudson Bible10 အကြောင်းမူကား၊ ဧဇရသည် ထာဝရဘုရား၏ တရားတော်ကို စစ်ဆေး စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှာလည်းကောင်း သဘောကျသောသူဖြစ်၏။ Ver Capítulo |
ဟေဇကိမင်းကြီးသည်လည်း ထာဝရဘုရား၏အမှုတော်ကို ကောင်းမွန်ကျွမ်းကျင်စွာထမ်းဆောင်သော လေဝိအမျိုးသားအပေါင်းတို့အား အားပေးစကားပြောဆို၏။ ဤသို့ဖြင့် သူတို့သည် ပွဲတော်အစားအစာကို ခုနစ်ရက်ပတ်လုံး စားသောက်လျက်၊ မိတ်သဟာယယဇ်ကိုပူဇော်လျက် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြ၏။
သူတို့သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်များကို ယာကုပ်အမျိုးအားလည်းကောင်း၊ ကိုယ်တော်၏တရားတော်ကို အစ္စရေးလူမျိုးအားလည်းကောင်း သွန်သင်ပြသပေးလိမ့်မည်။ သူတို့သည် နံ့သာပေါင်းကို ရှေ့တော်၌လည်းကောင်း၊ တစ်ကောင်လုံးရှို့ရသောယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌လည်းကောင်း ပူဇော်ကြလိမ့်မည်။
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။