ဧဇရ 3:9 - မြန်မာ့စံမီသမ္မာကျမ်း9 ယေရွှာအပါအဝင် သူ၏သားမြေးနှင့် သူ၏ညီအစ်ကိုများ၊ ကပ်မျေလနှင့် သူ၏သားမြေးများ၊ ယုဒသားမြေးများ၊ လေဝိအမျိုး ဟေနဒဒ်သားမြေးတို့၏သားမြေးများနှင့် သူတို့၏ညီအစ်ကိုများသည် ဘုရားသခင်၏အိမ်တော်တည်ဆောက်ရာ၌ အလုပ်လုပ်သောသူများကို အတူတကွကြီးကြပ်ကြ၏။ Ver CapítuloCommon Language Bible9 လေဝိအနွယ်ဝင်ယောရှုနှင့်သားများ (ဟောဒဝိ သားချင်းစုမှ) ကာဒမေလနှင့်သားများသည် ဗိမာန်တော်တည်ဆောက်မှုကိုကြီးကြပ်ရန် တာဝန်ယူရာတွင် ပါဝင်ဆောင်ရွက်ကြလေ သည်။ (သူတို့အားဟေနဒဒ်သားချင်းစုမှ လေဝိအနွယ်ဝင်များကအကူအညီ ပေးကြ၏။) Ver CapítuloGarrad Bible9 ထို အ ခါ၊ လေ ဝိ ဂိုဏ်း သား ဖြစ် သူ၊ ယု ဒ အ ဆက် ယော ရှု နှင့် သား ညီ များ၊ ကပ် မျေ လ နှင့် သား များ၊ ဟေ န ဒဒ် အ ဆက် နှင့် သား ညီ များ တို့ သည်၊ ဘု ရား သ ခင် ဗိ မာန့် တော် တည် ဆောက် သူ တို့ ကို ကြည့် ကြပ် အံ့ သော ငှာ၊ တစ် ဦး တည်း ကဲ့ သို့ ရပ် တန့် သည့် အ လျောက်၊ Ver CapítuloJudson Bible9 ထိုအခါ ယုဒအမျိုး၊ ယောရှုနှင့် သူ၏သားညီများ၊ ကပ်မျေလနှင့် သူ၏သားများ၊ လေဝိအမျိုး ဟေနဒဒ်သားများ၊ သူတို့သားနှင့် ညီများတို့သည်၊ ဗိမာန်တော်ကို တည်ဆောက်လုပ်ဆောင်သော သူတို့ကို နှိုးဆော်ခြင်းငှာ ထကြ၏။ Ver Capítulo |
သူတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်သို့ရောက်လာပြီး ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗဗေလ၊ ယောဇဒက်သား ယေရွှာမှစ၍ ကျန်ရှိသော သူတို့၏ညီအစ်ကိုများ၊ ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးများ၊ သုံ့ပန်းအဖြစ်ပါသွား၍ ဂျေရုဆလင်မြို့သို့ပြန်လာသောသူများအားလုံးတို့သည် အိမ်တော်ကို စတင်တည်ဆောက်ကြ၏။ အသက်နှစ်ဆယ်အရွယ်နှင့်အထက်လေဝိအမျိုးတို့ကို အိမ်တော်တည်ဆောက်ရာတွင် ကြီးကြပ်သူများအဖြစ် ခန့်ထားကြ၏။