ဧဇရ 3:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထို့ကြောင့် ဝမ်းမြောက်စွာကြွေးကြော်သံလော၊ အော်ဟစ်ငိုကြွေးသံလော မည်သူမျှခွဲခြား၍ မရနိုင်ဖြစ်လေ၏။ လူအုပ်ကြီး၏ဆူညံစွာအော်ဟစ်ကြွေးကြော်သံကြီးမှာ အဝေးမှပင် ကြားရလေ၏။ Ver CapítuloCommon Language Bible13 ဝမ်းမြောက်စွာကြွေးကြော်သံနှင့်ငိုကြွေးသံကို အဘယ်သူမျှခွဲခြား၍မရကြ။ လူတို့သည် ကျယ်စွာအော်ဟစ်ကြသောကြောင့် အဝေးကပင် ကြားရလေသည်။ Ver CapítuloGarrad Bible13 ပ ရိ သတ် တို့ ငို ကြွေး သံ၊ ရွှင် လန်း သံ များ ကို မ ပိုင်း ခြား နိုင်၊ ကျယ် စွာ အော် ဟစ် ကြ သော ကြောင့်၊ အ ဝေး က ပင် ကြား ရ လေ ၏။ Ver CapítuloJudson Bible13 ထိုသို့ပြုသော ကြွေးကြော်သံနှင့် ငိုကြွေးသံကို ကြားသောသူတို့သည် ပိုင်းခြား၍ မသိနိုင်ကြ။ လူများတို့သည် ကြီးစွာသောအသံနှင့် ကြွေးကြော်သောကြောင့်၊ ဝေးသောအရပ်၌ ကြားရလေ၏။ Ver Capítulo |
ထိုနေ့တွင် သူတို့သည် ယဇ်ပူဇော်ပွဲကြီးကို ကျင်းပကြ၏။ ဘုရားသခင်သည် သူတို့အား အထူးဝမ်းမြောက်သောအခွင့်ကို ပေးတော်မူသဖြင့် သူတို့သည် အလွန်ဝမ်းမြောက်ကြ၏။ မိန်းမများနှင့် ကလေးသူငယ်များပါမကျန် ဝမ်းမြောက်ပျော်ရွှင်ကြ၏။ ဂျေရုဆလင်မြို့၏ဝမ်းမြောက်သံသည် အဝေးကပင် ကြားရလေ၏။
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။