ဧဇရ 1:3 - မြန်မာ့စံမီသမ္မာကျမ်း3 သင်တို့တွင် မည်သူသည် ဘုရားသခင်၏လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူပါစေသော။ သူသည် ယုဒပြည် ဂျေရုဆလင်မြို့သို့တက်သွား၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ပါစေ။ ဘုရားသခင်သည် ဂျေရုဆလင်မြို့တွင်စံပယ်တော်မူ၏။ Ver CapítuloCommon Language Bible3 ထာဝရဘုရားသည် မိမိလူမျိုးတော်ဝင်ဖြစ်သူတို့နှင့်အတူရှိတော်မူပါစေသတည်း။ သင်တို့သည်ယုဒပြည်ယေရုရှလင်မြို့သို့သွားရောက်၍ ထိုမြို့တွင်ကိုးကွယ်ဝတ်ပြုသည့်ဘုရားတည်းဟူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားအတွက် ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ကြရမည်။- Ver CapítuloGarrad Bible3 ထို့ ကြောင့် လူ မျိုး တော် အ နက် မည် သူ မ ဆို၊ ယု ဒ ပြည် ယေ ရု ရှ လင် မြို့ သို့၊ ကိုယ့် ဘု ရား သ ခင် တည် လျက် ပြန် သွား၍၊ ဣ သ ရေ လ လူ မျိုး ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ကို၊ ထို မြို့၌ တည် ဆောက် ကြ စေ။ ကိုယ် တော် ကား၊ မှန် သော ဘု ရား ပေ တည်း။ Ver CapítuloJudson Bible3 သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏လူ ဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင် ရှိတော်မူပါစေသော။ ယုဒပြည် ယေရုရှလင်မြို့သို့သွား၍ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသောဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ Ver Capítulo |
ထို့နောက် ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “အားယူ၍ရဲရင့်စွာ လုပ်ဆောင်လော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ ငါကိုးကွယ်သောဘုရားသခင်၊ ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ ထာဝရဘုရား၏အိမ်တော် ဆောက်လုပ်ခြင်းအမှုအလုံးစုံကို ပြီးစီးသည့်တိုင်အောင် သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ သင့်ကို ပစ်ပယ်တော်မူမည်မဟုတ်။
ထိုအခါ ဇေရုဗဗေလ၊ ယေရွှာနှင့် အစ္စရေးအိမ်ထောင်စုအကြီးအမှူးတို့က “ငါတို့ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှုသည် သင်တို့နှင့်မဆိုင်၊ ငါတို့နှင့်သာ ဆိုင်၏။ ပါးရှားဘုရင် ကုရုမင်းကြီး မိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ငါတို့သာလျှင် တည်ဆောက်ရမည်”ဟု ပြန်ပြော၏။
ကုရုမင်းကြီးနှင့်ပတ်သက်၍ ‘သူသည် ငါ၏သိုးထိန်းဖြစ်၍ ငါ့အလိုဆန္ဒရှိသမျှကို သူပြည့်စုံစေမည်’ဟု ငါမိန့်ဆို၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့ကို တည်ဆောက်ကြလိမ့်မည်’၊ ဗိမာန်တော်နှင့်ပတ်သက်၍ ‘ဗိမာန်တော်ကို အုတ်မြစ်ချကြလိမ့်မည်’ဟု ငါမိန့်ဆို၏”ဟူ၍ မိန့်တော်မူ၏။
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။