Biblia Todo Logo
La Biblia Online
- Anuncios -




အာ​မုတ် 9:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ရန်သူ​တို့​ရှိ​ရာ​သို့ သုံ့ပန်း​အဖြစ်​ပါသွား​လျှင် ထို​နေရာ​၌ ငါ့​အမိန့်​ဖြင့် ဓား​နှင့်​အသတ်​ခံရ​မည်​။ ကောင်းစား​စေ​ရန်​အတွက် မ​ဟုတ်​၊ ဒုက္ခ​ရောက်​စေရန်​အတွက် သူ​တို့​ကို ငါ​စောင့်ကြည့်​မည်”​ဟု မိန့်​တော်မူ​၏​။

Ver Capítulo Copiar

Common Language Bible

4 ရန်​သူ​များ​ဖမ်း​သွား​ခံ​ရ​လျှင် လည်း​သူ​တို့ ကို​သတ်​ပစ်​လိုက်​ရန်​ငါ​စေ​ခိုင်း​မည်။ ငါ​သည် သူ​တို့​ကို​မ​ကူ​ညီ​ဘဲ ဖျက်​ဆီး​ပစ်​ရန် သန္နိ​ဋ္ဌာန်​ချ​လိုက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

Ver Capítulo Copiar

Garrad Bible

4 ရန် သူ တို့ ရှေ့ သုံ့ ဘမ်း သိမ်း သွား ခံ ကြ သော် လည်း၊ လုပ် ကြံ ရန် ဓား အား မိန့် မှာ ခြင်း များ ကို စီ ရင် လျက်၊ အ ကောင်း ကို မ ဟုတ်၊ အ ဆိုး ကို ပြု ရန် သာ၊ မျက် နှာ တော် ထား လိမ့် မည်။

Ver Capítulo Copiar

Judson Bible

4 ရန်​သူ​တို့​သည် သိမ်း​သွား​သော်​လည်း၊ အ​ခြား​သော​အ​ရပ်၌ ငါ​သည် ဓား​ကို​မှာ​လိုက်၍ သတ်​စေ​မည်။ ကျေး​ဇူး​မ​ပြု၊ အ​ပြစ်​ပြု​ခြင်း​ငှာ​သာ ငါ​ကြည့်​ရှု​မည်။

Ver Capítulo Copiar




အာ​မုတ် 9:4
20 Referencias Cruzadas  

ထိုအခါ သခင်​က သခင့်​အစေအပါး​တို့​အား ‘​သူ့​ကို တွေ့မြင်​ရ​ဖို့ ငါ့​ထံသို့​ခေါ်ဆောင်​ခဲ့​လော့​’​ဟု ဆို​ပါ​၏​။


ထာဝရဘုရား​၌ စိတ်နှလုံး​အကြွင်းမဲ့​ယုံကြည်ကိုးစား​သူ​တို့​ကို ခွန်အား​ဖြည့်ပေး​ရန် ကိုယ်တော်​သည် မြေကြီး​တစ်ပြင်လုံး​ကို အစဉ်​ကြည့်ရှု​တော်မူ​၏​။ သင်​မိုက်မဲ​စွာ​ပြု​မိ​ပြီ​ဖြစ်​သောကြောင့် ယခု​မှစ၍ သင်​သည် စစ်ပွဲ​များ​နှင့် ရင်ဆိုင်​ရ​တော့​မည်​”​ဟု ဆင့်ဆို​၏​။


ဖြောင့်မတ်​သော​သူ​တို့ အော်ဟစ်​တောင်းလျှောက်​ကြ​သောအခါ ထာဝရဘုရား​သည်​နားညောင်း​၍ သူ​တို့​၏​ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ သူ​တို့​ကို​ကယ်နုတ်​တော်မူ​၏​။


မိုးသောက်ချိန်​ရောက်​သောအခါ ထာဝရဘုရား​သည် အီဂျစ်​တပ်​ကို မီး​တိုင်​၊ မိုးတိမ်​တိုင်​ထဲမှ ငုံ့ကြည့်​တော်မူ​၍ အီဂျစ်​တပ်​တို့​ကို ကစဥ့်ကလျား​ဖြစ်​စေ​တော်မူ​၏​။


အဖျက်သမား​တို့​သည် တောကန္တာရ​ရှိ​တောင်ကတုံး​များ​ပေါ်သို့ တက်လာ​ကြ​ပြီ​။ ထာဝရဘုရား​၏​ဓား​တော်​သည် မြေကြီး​စွန်းတစ်ဘက်​မှ အခြား​မြေကြီး​စွန်းတစ်ဘက်​တိုင်အောင် ဝါးမျို​လိမ့်မည်​။ မည်သူမျှ ငြိမ်းချမ်း​စွာ​နေ​ရ​မည်​မ​ဟုတ်​။


အကြောင်းမူကား ဤ​မြို့​ကို အကောင်း​မ​ဟုတ် အဆိုး​အတွက် ငါ​ထား​ထား​၏​။ ဘေဘီလုံ​ဘုရင်​လက်​သို့​အပ်​သဖြင့် သူ​သည် မီး​ရှို့​ပစ်​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​ရ​မည်​။


သူ​တို့​ကောင်းကျိုး​အတွက် သူ​တို့​ကို ငါ​ကြည့်ရှု​မည်​။ သူ​တို့​ကို ဤ​ပြည်​သို့​ပြန်ခေါ်​လာ​မည်​။ မ​ဖြိုဖျက်​ဘဲ တည်ဆောက်​မည်​။ မ​နုတ်ပစ်​ဘဲ စိုက်ပျိုး​မည်​။


“​ယေရမိ​ကို ခေါ်ထုတ်​၍ ကောင်းမွန်​စွာ​ကြည့်ရှု​လော့​။ သူ့​ကို အန္တရာယ်​မ​ပြု​နှင့်​။ သူ​ပြော​သည့်​အတိုင်း ပြု​ပေး​လော့​”​ဟု မိန့်မှာ​လေ​၏​။


“​သင်​သည် အီသီယိုးပီးယား​လူမျိုး ဧဗဒမေလက်​ထံသို့​သွား​ပြီးလျှင် ‘အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ဤ​မြို့​ကို ကောင်းစား​စေ​မည်​မ​ဟုတ်​၊ ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟူသော ငါ့​နှုတ်ထွက်စကား​တို့​ကို ပြည့်စုံ​စေ​မည်​။ ထို​နေ့​ရောက်​သောအခါ ဤ​အမှုအရာ​တို့​သည် သင့်​မျက်စိ​ရှေ့​တွင်​ပင် ဖြစ်ပျက်​လိမ့်မည်​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ သင်​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​။ ယုဒ​ပြည်​တစ်ပြည်လုံး​ကို ဖျက်ဆီး​မည်​ဟု ငါ​ဆုံးဖြတ်​ချက်​ချ​လေ​ပြီ​။


လူ​သုံးပုံတစ်ပုံ​သည် ကပ်ရောဂါ​ဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သင်​တို့​အလယ်​တွင် သေကျေ​ပျက်စီး​ကြ​မည်​။ ကျန်​သုံးပုံတစ်ပုံ​သည် ဓားဘေး​ဖြင့် သင်​တို့​ပတ်ပတ်လည်​တွင်​ကျဆုံး​ကြ​မည်​။ ကျန်​သုံးပုံတစ်ပုံ​သည် လေနှင်ရာ​အရပ်ရပ်​သို့ ကွဲလွင့်​သွား​မည်​။ ငါ​သည် ဓား​ကို​ထုတ်​၍ သူ​တို့​နောက်​ကို​လိုက်​မည်’​ဟု မိန့်​တော်မူ​၏​။


မြို့​ကို​ဝိုင်း​ထား​သော​နေ့​စေ့​သောအခါ ထို​အထဲ​မှ သုံးပုံတစ်ပုံ​ကို မြို့​ထဲ​တွင် မီးရှို့​ပစ်​လော့​။ နောက်ထပ်​သုံးပုံတစ်ပုံ​ကို မြို့​ထဲ​လှည့်လည်​၍ ဓား​ဖြင့်​ခုတ်ဖြတ်​လော့​။ နောက်ထပ်​သုံးပုံတစ်ပုံ​ကို လေ​ထဲသို့​လွှင့်ပစ်​လိုက်​လော့​။ ငါ​သည် ထို​အစု​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်​။


အစ္စရေး​အမျိုးအနွယ်​ထဲမှ​ဖြစ်စေ​၊ သူ​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ထဲမှ​ဖြစ်စေ တစ်စုံတစ်ယောက်​သည် သွေး​တစ်မျိုးမျိုး​ကို​စား​လျှင် ထို​သွေး​စား​သော​သူ​ကို ငါ​မျက်နှာ​လွှဲ​၍ သူ​၏​လူမျိုး​မှ ငါ​ပယ်ဖျက်​မည်​။


ငါ​သည် သင်​တို့​ကို လူမျိုးခြား​တို့​ထဲတွင် ကွဲလွင့်​စေ​မည်​။ ဓား​ကို​ထုတ်​၍ သင်​တို့​နောက်​ကို​လိုက်​မည်​။ သင်​တို့​၏​ပြည်​သည် လူသူကင်းမဲ့​၍ သင်​တို့​၏​မြို့​တို့​သည် ပြိုပျက်​လိမ့်မည်​။


ထာဝရဘုရား​က “ကြည့်ရှု​လော့​။ အပြစ်ပြု​သော​တိုင်းနိုင်ငံ​ကို ဘုရားရှင်​ထာဝရဘုရား စောင့်ကြည့်​တော်မူ​၏​။ ထို​တိုင်းနိုင်ငံ​ကို မြေပြင်​ပေါ်​မှ အဆုံးသတ်​ဖျက်ဆီး​ပစ်​မည်​ဖြစ်​သော်လည်း ယာကုပ်​အမျိုးအနွယ်​ကို အကုန်အစင်​ဖျက်ဆီး​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။


ထို​ကာလ​မတိုင်မီ လူ​တို့​သည် လုပ်အားခ မ​ရ​။ တိရစ္ဆာန်​ငှားရမ်းခ​လည်း မ​ရ​။ ငါ​သည် လူ​အပေါင်း​တို့​အား အိမ်နီးချင်း​အချင်းချင်း ရန်သူ​ဖြစ်​စေ​သဖြင့် သွား​လာ​သော​သူ​တို့​သည် ရန်သူ​ရှိ​သောကြောင့် လုံခြုံမှု​မ​ရှိ​ခဲ့’​ဟု မိန့်​တော်မူ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos