Biblia Todo Logo
La Biblia Online
- Anuncios -




အာ​မုတ် 4:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​သန့်ရှင်း​ခြင်း​ကို တိုင်တည်ကျိန်ဆို​၍ “​ကြည့်ရှု​လော့​။ သင်​တို့​ကို ချိတ်​များ​ဖြင့်​လည်းကောင်း​၊ ကြွင်းကျန်သူ​တို့​ကို ငါးမျှားချိတ်​များ​ဖြင့်​လည်းကောင်း ဖမ်းခေါ်​သွား​သော​နေ့ ရောက်လာ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

2 အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ကြောင့် ဤ​သို့ လျှင်​ကတိ​သစ္စာ​ပြု​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား က``သူ​တို့​သည်​သင်​တို့​ကို​ငါး​မျှား​ချိတ် ဖြင့်​ဒ​ရွတ်​တိုက်​ဆွဲ​သွား​သော​နေ့​များ​ရောက် လိမ့်​မည်။ သင်​တို့​ရှိ​သ​မျှ​သည်​ငါး​မျှား ထိပ်​၌ အ​ချိတ်​ခံ​နေ​ရ​သော​ငါး​ကဲ့​သို့​ဖြစ် ကြ​လိမ့်​မည်။-

Ver Capítulo Copiar

Garrad Bible

2-3 သင် တို့ ကို သံ ချိတ် များ နှင့် လည်း ကောင်း၊ အ ကျန် အ ကြွင်း တို့ ကို မျှား ချိတ် များ နှင့် လည်း ကောင်း၊ ငင် သွား ကြ မည့် နေ့ ရက် ကာ လ ရောက် အံ့ သည့် အ တိုင်း။ အ သီး အသီး တို့ သည် မြို့ ရိုး ပေါက် ဖြင့် တူ ရူ ထွက် သွား လျက်၊ ဟာ ရ မုံ ချောက် ထဲ သို့ ကိုယ် ကို ချ ကြ ရ မည် ဟု၊ သန့် ရှင်း တော် မူ ခြင်း ကို တိုင် တည်၍၊ အ ရှင် ထာ ဝ ရ ဘု ရား သ စ္စာ ဆို လျက် မိန့် မြွက် တော် မူ ခဲ့ သ တည်း။

Ver Capítulo Copiar

Judson Bible

2 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​သန့်​ရှင်း​ခြင်း ပါ​ရ​မီ​တော်​ကို တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​ကို ငါး​မျှား​နှင့်​လည်း​ကောင်း၊ သင်​တို့​သား​မြေး​တို့​ကို ပိုက်​ကွန်​နှင့်​လည်း​ကောင်း ဖမ်း​ဆီး​ယူ​သွား​ရ​သော​ကာ​လ ရောက်​လိမ့်​မည်။

Ver Capítulo Copiar




အာ​မုတ် 4:2
11 Referencias Cruzadas  

ငါ​သည် ဒါဝိဒ်​ကို လိမ်လည်​မည်​မ​ဟုတ်​ဟု ငါ​၏​သန့်ရှင်း​ခြင်း​ကို​တိုင်တည်​၍ တစ်ကြိမ်​နှင့်​အပြီး​ကျိန်ဆို​ပြီ​။


သူ​၏​အမျိုးအနွယ်​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။ သူ​၏​ပလ္လင်​သည်​လည်း ငါ့​ရှေ့​တွင် နေ​ကဲ့သို့​ဖြစ်​လိမ့်မည်​။


သင်​သည် ငါ့​ကို​အမျက်ထွက်​သောကြောင့်​၊ သင်​စော်ကားပြောဆို​သော​စကား​ကို ငါ​ကြား​ရ​သောကြောင့် ငါ​သည် သင့်​ကို နဖားကြိုး​တပ်​မည်​၊ ဇက်ကြိုး​တပ်​မည်​။ သင်​လာ​သော​လမ်း​ဖြင့် သင့်​ကို​ပြန်​စေ​မည် ဟူ၍​မိန့်ဆို​ပြီ​’​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် တံငါသည်​အမြောက်အမြား​စေလွှတ်​၍ သူ​တို့​ကို​မျှား​စေ​မည်​။ မုဆိုး​အမြောက်အမြား​တို့​ကို​လည်း စေလွှတ်​၍ တောင်ကြီး​တောင်ငယ်​၊ ကျောက်ကြိုကျောက်ကြား​မှ သူ​တို့​ကို လိုက်လံဖမ်းဆီး​စေ​မည်​။


ငါ​သည် သင့်​မေးရိုး​ကို ချိတ်​များ​နှင့်​ချိတ်​မည်​။ မြစ်ချောင်း​ထဲရှိ​ငါး​များ​ကို သင့်​အကြေးခွံ​၌ ကပ်​နေ​စေ​မည်​။ သင့်​ကို မြစ်ချောင်း​ထဲ​မှ ဆွဲထုတ်​သောအခါ မြစ်ချောင်း​ထဲရှိ​ငါး​အားလုံး သင့်​အကြေးခွံ​၌ ကပ်ပါ​လာ​လိမ့်မည်​။


ပျောက်​သော​သိုး​ကို ပြန်ရှာ​မည်​။ လမ်းလွဲ​သော​သိုး​ကို ပြန်ခေါ်​လာ​မည်​။ ဒဏ်ရာ​ရ​သော​သိုး​ကို ကျပ်စည်း​ပေး​မည်​။ အားနည်း​သော​သိုး​ကို အားရှိ​စေ​မည်​။ သို့သော် ဆူဖြိုး​သန်မာ​သော​သိုး​ကို​မူ ငါ​သုတ်သင်​ပစ်​မည်​။ ငါ​သည် သိုး​တို့​ကို တရားသဖြင့် ကျွေးမွေး​ထိန်းကျောင်း​မည်’​ဟု မိန့်​တော်မူ​၏​။


သင့်​မေးရိုး​ကို ချိတ်​နှင့်​ချိတ်​ပြီး ပြန်​လှည့်လာ​စေ​မည်​။ သင်​နှင့်အတူ စစ်လက်နက်​အပြည့်အစုံ​ဝတ်ဆင်​ထား​သော သင်​၏​စစ်သည်​အားလုံး​၊ မြင်း​၊ မြင်းစီးသူရဲ​တို့​အပါအဝင် ဒိုင်းလွှားကြီး​ဒိုင်းလွှားငယ်​ကိုင်ဆောင်​သော လူအုပ်ကြီး​၊ ဓားလက်နက်​စွဲကိုင်​သူ​အားလုံး​ကို​ပါ ထုတ်ဆောင်​သွား​မည်​။


ဘုရားရှင်​ထာဝရဘုရား​သည် မိမိကိုယ်ကို​တိုင်တည်ကျိန်ဆို​တော်မူ​ပြီ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​က “ယာကုပ်​၏​မာန​ကို ငါ​ရွံရှာ​၏​။ သူ​၏​ခံတပ်​များ​ကို​လည်း ငါ​မုန်း​၏​။ ထို့ကြောင့် မြို့​နှင့်တကွ မြို့​ထဲ​ရှိသမျှ​တို့​ကို ရန်သူ​လက်​သို့​အပ်ပစ်​မည်”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​သည် ယာကုပ်​၏​မာန​ကြောင့် ဤသို့ ကျိန်ဆို​တော်မူ​ပြီ​။ “သူ​တို့​ပြု​သော​အမှု​တို့​ကို ငါ ဘယ်တော့မှ​မ​မေ့​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos