အာမုတ် 2:8 - မြန်မာ့စံမီသမ္မာကျမ်း8 ယဇ်ပလ္လင်ရှိသမျှတို့၏အနီးတွင် အပေါင်ခံအဝတ်များကို ခင်း၍ လဲလျောင်းနေတတ်ကြ၏။ ဒဏ်ကြေးကောက်သောငွေများဖြင့် စပျစ်ဝိုင်ဝယ်၍ သူတို့ဘုရားဝတ်ကျောင်းတွင် သောက်တတ်ကြ၏။ Ver CapítuloCommon Language Bible8 ဝတ်ပြုရာနေရာတိုင်း၌ဆင်းရဲသူများ ထံမှအပေါင်ခံပစ္စည်းအဖြစ်နှင့်ရယူ ထားသောအဝတ်အထည်များကိုခင်း ကာအိပ်စက်ကြလေပြီ။ သူတို့ကိုးကွယ် သောဘုရားသခင်၏ဗိမာန်တော်တွင် ကြွေးတင်နေသူများထံမှလျော်ကြေး အဖြစ်ရယူလာသောစပျစ်ရည်ကို သောက်ကြလေပြီ။ Ver CapítuloJudson Bible8 ပေါင်ထားသောအဝတ်ကို ခပ်သိမ်းသော ယဇ်ပလ္လင်တို့အနား၌ ခင်း၍အိပ်သောအပြစ်၊ လျော်ပြစ်ငွေနှင့် ဝယ်သောစပျစ်ရည်ကို သူတို့ဘုရား၏အိမ်၌ သောက်သောအပြစ် သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ Ver Capítulo |