Biblia Todo Logo
La Biblia Online
- Anuncios -




အာ​မုတ် 2:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထို့ကြောင့် ငါ​သည် ယုဒ​ပြည်​အပေါ် မီး​ကို​လွှတ်​၍ ဂျေရုဆလင်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်”​ဟု မိန့်​တော်မူ​၏​။

Ver Capítulo Copiar

Common Language Bible

5 ထို့​ကြောင့်​ငါ​သည်​ယု​ဒ​ပြည်​ပေါ်​သို့​မီး​မိုး ရွာ​စေ​ပြီး​ယေ​ရု​ရှ​လင်​မြို့​၏​ရဲ​တိုက်​များ ကို​ပြာ​ချ​လိုက်​မည်​ဟု​မိန့်​တော်​မူ​၏။

Ver Capítulo Copiar

Garrad Bible

5 ယေ ရု ရှ လင် မြို့ နန်း ဆောင် များ ကျွမ်း လောင် ရန် မီး ကို၊ ယု ဒ ပြည် သို့ စေ လွှတ် မည် ဟု မိန့် တော် မူ ၏။

Ver Capítulo Copiar

Judson Bible

5 ယု​ဒ​ပြည်​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ယေ​ရု​ရှ​လင်​မြို့၏​ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။

Ver Capítulo Copiar




အာ​မုတ် 2:5
11 Referencias Cruzadas  

သူ​သည် ထာဝရဘုရား​၏​အိမ်​တော်​မှစ၍ ဘုရင့်​နန်းတော်​နှင့် ဂျေရုဆလင်​မြို့​ရှိ အိမ်​အားလုံး​ကို မီးရှို့​၏​။ မှူးကြီးမတ်ရာ​တို့​၏​အိမ်​အားလုံး​ကို​လည်း မီး​ရှို့​လေ​၏​။


သင်​တို့​သည် ဥပုသ်နေ့​၌ ဂျေရုဆလင်​မြို့​တံခါး​ကို​ဖြတ်​၍ ဝန်ထုပ်​ကို​မ​သယ်ဆောင်​ရ​။ ဥပုသ်နေ့​ကို​သန့်ရှင်း​အောင်​စောင့်ထိန်း​ရ​မည်​ဟူသော ငါ့​စကား​ကို နား​မ​ထောင်​လျှင် ငါ​သည် မြို့​တံခါး​ကို​မီး​ရှို့​၍ ဂျေရုဆလင်​မြို့​၏​ခံတပ်​များ​ကို လောင်ကျွမ်း​စေ​မည်​။ ထို​မီး​သည် ငြိမ်း​လိမ့်မည်​မ​ဟုတ်​ဟု မိန့်​တော်မူ​ပြီ’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်​တော်မူ​၏​။


အကြောင်းမူကား ဤ​မြို့​ကို အကောင်း​မ​ဟုတ် အဆိုး​အတွက် ငါ​ထား​ထား​၏​။ ဘေဘီလုံ​ဘုရင်​လက်​သို့​အပ်​သဖြင့် သူ​သည် မီး​ရှို့​ပစ်​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​ရ​မည်​။


ခါလဒဲ​စစ်သည်​တို့​သည် ဘုရင့်​နန်းတော်​နှင့် လူနေအိမ်​တို့​ကို​မီး​ရှို့​ပြီး ဂျေရုဆလင်​မြို့ရိုး​ကို​လည်း ဖြိုဖျက်​ကြ​၏​။


သူ​သည် ထာဝရဘုရား​၏​အိမ်​တော်​မှစ၍ ဘုရင့်​နန်းတော်​နှင့် ဂျေရုဆလင်​မြို့​ရှိ အိမ်​အားလုံး​ကို မီးရှို့​၏​။ မှူးကြီးမတ်ရာ​တို့​၏​အိမ်​အားလုံး​ကို​လည်း မီး​ရှို့​လေ​၏​။


အစ္စရေး​သည် သူ့​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​ကို မေ့လျော့​၍ ဘုံဗိမာန်​များစွာ​ကို တည်​လေ​ပြီ​။ ယုဒ​သည်​လည်း ခံတပ်​မြို့​များ​ကို တည်​လေ​ပြီ​။ သို့သော် ငါ​သည် ထို​မြို့​များ​အပေါ်​သို့ မီး​ကို​ကျရောက်​စေ​၍ ခံတပ်​မြို့​များ​ကို လောင်ကျွမ်း​စေ​မည်​။”


ထို့ကြောင့် ငါ​သည် ဟာဇေလ​အမျိုးအနွယ်​ပေါ်သို့ မီး​ကို​လွှတ်​၍ ဗင်္ဟာဒဒ်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “ရန်သူ​သည် သင့်​ပြည်​ကို ဝိုင်းရံ​၍ သင်​၏​အားအင်​ကို ယုတ်လျော့​စေ​မည်​။ သင်​၏​ခံတပ်​များ​ကို​လည်း သိမ်းပိုက်​လိမ့်မည်”​ဟု မိန့်ဆို​တော်မူ​ပြီ​။


ဆောင်းရာသီ​စံအိမ်​၊ နွေရာသီ​စံအိမ်​တို့​ကို ငါ​ဖြိုဖျက်​ပစ်​မည်​။ ဆင်စွယ်​အိမ်​များ​ကို​လည်း​ဖျက်ဆီး​သဖြင့် ခမ်းနားထည်ဝါ​သော​စံအိမ်​များ ပျက်စီး​ရ​လိမ့်မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ငါ့​အား ဤသို့ မြင်​စေ​တော်မူ​ပြန်​၏​။ ကြည့်ရှု​လော့​။ ဘုရားရှင်​ထာဝရဘုရား​သည် တရားစီရင်​ရန် မီး​ကို​ဆင့်ခေါ်​ရာ မီး​သည် ကျယ်ပြန့်​နက်ရှိုင်း​သော​ရေထု​ကို ဝါးမျို​ပြီးလျှင် မြေကြီး​ကို​လည်း ဝါးမျို​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos