အာမုတ် 2:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထို့ပြင် သင်တို့၏သားအချို့ကို ပရောဖက်အဖြစ်၊ လူငယ်အချို့ကို နာဇရိလူအဖြစ် ငါခန့်ထားခဲ့၏။ အို အစ္စရေးအမျိုးသားတို့၊ ထိုသို့ဖြစ်ခဲ့သည်မဟုတ်လော”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible11 ငါသည်သင်တို့၏သားအချို့ကိုပရော ဖက်အဖြစ်နှင့်လည်းကောင်း၊ သင်တို့၏ လူငယ်အချို့ကိုနာဇရိလူအဖြစ်နှင့် လည်းကောင်းရွေးကောက်ခဲ့ပြီ။ အို ဣသရေလ အမျိုးသားတို့၊ ဤအချက်သည်အမှန် ပင်ဖြစ်သည်မဟုတ်လော။ ဤသည်ကား ငါထာဝရဘုရားမိန့်တော်မူ၏။- Ver CapítuloGarrad Bible11 အ မျိုး သား တို့ အ နက် ပ ရော ဖက် များ ကို လည်း ကောင်း၊ လူ ပျို တို့ အ နက် ပ ရ ဗိုဇ် များ ကို လည်း ကောင်း၊ ပေါ် ထွန်း စေ ခဲ့ ပြီ။ အို ဣ သ ရေ လ အ မျိုး သား တို့၊ ထို သို့ မှန် သည် မ ဟုတ် လော ဟု၊ ငါ ထာ ဝ ရ ဘု ရား မေး လေ ၏။ Ver CapítuloJudson Bible11 သင်တို့သားအချို့ကို ပရောဖက်အရာ၊ လုလင်အချို့ကို နာဇရိလူအရာ၌ ငါခန့်ထားပြီ။ အို ဣသရေလအမျိုးသားတို့၊ ဤစကားမှန်သည် မဟုတ်လောဟု ထာဝရဘုရားမေးတော်မူ၏။ Ver Capítulo |
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကိုငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် အကောင်းကိုမဟော။ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။
ထို့ကြောင့် ထာဝရဘုရားက ဗျာဒိတ်ရသူပရောဖက်အပေါင်းတို့အားဖြင့် အစ္စရေးလူမျိုးနှင့်ယုဒလူမျိုးတို့အား “ဆိုးညစ်သောလမ်းတို့မှ ပြန်လှည့်လာကြလော့။ ငါ့အစေအပါးပရောဖက်တို့အားဖြင့် ဆင့်ဆိုစေသော၊ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာထားသောပညတ်တရားအလုံးစုံဖြစ်သည့် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းကြလော့”ဟု သတိပေးတော်မူခဲ့၏။