ဟဗက္ကုတ် 3:18 - မြန်မာ့စံမီသမ္မာကျမ်း18 ငါသည် ထာဝရဘုရား၌ ဝမ်းမြောက်မည်။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်၌ ရွှင်လန်းမည်။ Ver CapítuloGarrad Bible18 အ ကျွန်ုပ် သည် ထာ ဝ ရ ဘု ရား ကြောင့် အား ရ လျက်။ ကယ် တင် တော် မူ သော ဘု ရား သ ခင် ကြောင့် ရွှင် လန်း မည်။ Ver CapítuloJudson Bible18 သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြုလျက် ရွှင်လန်းမည်။ Ver Capítulo |
ထိုနေ့ရက်၌ လူတို့က “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း။ ငါတို့သည် ကိုယ်တော်ကိုစောင့်မျှော်၍ ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤအရှင်ကား ငါတို့စောင့်မျှော်သော ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် ရွှင်လန်းဝမ်းမြောက်ကြကုန်စို့”ဟု ဆိုကြလိမ့်မည်။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
သင်မှစ၍ သင်၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင်၏မြို့တံခါးအတွင်းရှိ လေဝိအမျိုးများသည် ထိုပူဇော်သက္ကာတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၊ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ စားရမည်။ သင်လုပ်ဆောင်လေရာရာအတွက် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ဝမ်းမြောက်ကြရမည်။