ဟဗက္ကုတ် 2:4 - မြန်မာ့စံမီသမ္မာကျမ်း4 ကြည့်ရှုလော့။ ဘဝင်မြင့်သောသူ၏အတွင်းစိတ်သည် ဖြောင့်မှန်လေ့မရှိ။ ဖြောင့်မတ်သောသူတို့မူကား ယုံကြည်ခြင်းကြောင့် အသက်ရှင်ရလိမ့်မည်။ Ver CapítuloCommon Language Bible4 ဗျာဒိတ်တော်ကား`သူယုတ်မာတို့သည်အသက်မရှင်နိုင်ကြ။ သူတော်ကောင်းတို့မူကားဘုရားသခင်ကိုသစ္စာစောင့်သောကြောင့်အသက်ရှင်ရကြလိမ့်မည်' ဟူ၍လာသတည်း။'' Ver CapítuloGarrad Bible4 သ စ္စာ စောင့် ခြင်း အား ဖြင့် အ သက် ရှင် ရ သော် လည်း၊ ထို လူ မျိုး ကား၊ စိတ် သ ဘော မ ဖြောင့် မ မှန် ဘဲ မောက် မာ လျက်၊ Ver CapítuloJudson Bible4 စိတ်မြင့်သောသူသည် သဘောမဖြောင့်။ ဖြောင့်မတ်သောသူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ Ver Capítulo |
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် လူသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြောင်း သိကြသဖြင့် ငါတို့သည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ခရစ်တော်ယေရှုကို ယုံကြည်ကြ၏။ အကြောင်းမူကား ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့် မည်သူမျှ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။