ဟဗက္ကုတ် 1:4 - မြန်မာ့စံမီသမ္မာကျမ်း4 တရားတော်သည် လျော့ရဲသဖြင့် တရားမျှတမှု ပျောက်ကွယ်လေပြီ။ ဆိုးယုတ်သောသူတို့သည် ဖြောင့်မတ်သောသူတို့ကို ဝိုင်းရံထားသည်ဖြစ်၍ စီရင်ချက်အလွဲများသာ ထွက်ပေါ်လာ၏။ Ver CapítuloCommon Language Bible4 တရားဥပဒေသည်ပျော့ညံ့၍အသုံးမဝင်သဖြင့် အဘယ်အခါ၌တရားသဖြင့်စီရင်ဆုံးဖြတ်မှုမပြုနိုင်ကြပါ။ သူယုတ်မာတို့သည်သူတော်ကောင်းများကိုအနိုင်ရကြသည်ဖြစ်၍ တရားစီရင်မှုသည်အမှောက်မှောက်အမှားမှားဖြစ်လျက်ရှိပါတော့၏။ Ver CapítuloGarrad Bible4 ဘက် ပြိုင် ခြင်း၊ ရန် တွေ့ ခြင်း ပေါ် ပေါက် သ ဖြင့်၊ တ ရား သည် အ ကျိုး မဲ့ လျက်၊ ဆုံး ဖြတ် ချက် လည်း မ ဖြောင့် ဘဲ ရှိ နေ လေ စွ။ သူ တော် ကောင်း တို့ ကို မ သူ တော် တို့ ဝန်း ဝိုင်း နေ ကြ သည့် အ လျောက်၊ ထုတ် ဆင့် သော ဆုံး ဖြတ် ချက် သည် ကောက် ကျစ် ပါ ၏။ Ver CapítuloJudson Bible4 သို့ဖြစ်၍ တရားလျော့ပါ၏။ တရားသဖြင့် စီရင်ဆုံးဖြတ်ခြင်း မရှိပါ။ မတရားသောသူတို့သည် ဖြောင့်မတ်သောသူတို့ကို ဝိုင်းသောကြောင့်၊ မတရားသဖြင့် စီရင်ဆုံးဖြတ်ကြပါ၏။ Ver Capítulo |
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။