ဟ္ဂဲ 2:9 - မြန်မာ့စံမီသမ္မာကျမ်း9 ‘ဤအိမ်တော်၏ဘုန်းအသရေသည် ယခင်အိမ်တော်ထက် သာ၍ကြီးမြတ်လိမ့်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။ ‘ဤအရပ်၌လည်း ငြိမ်သက်ခြင်းကို ငါပေးမည်’ဟူ၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ”ဟု မိန့်ဆို၏။ Ver CapítuloCommon Language Bible9 ဗိမာန်တော်သစ်သည်ဗိမာန်တော်ဟောင်း ထက်ပို၍တင့်တယ်လှပလိမ့်မည်။ ထိုအရပ် တွင်ငါသည်မိမိ၏လူမျိုးတော်အား ကောင်းစားစေ၍ ငြိမ်းချမ်းသာယာမှုကို ပေးမည်'' ဟုအနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်မှာတော်မူ၏။ ဤကားအနန္တ တန်ခိုးရှင်ထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။ Ver CapítuloGarrad Bible9 ဤ ဗိ မာန် တော့် ဆိုင် ရာ နောက် အ သ ရေ သည် အ ထက် အ သ ရေ ထက် ကြီး မြတ် လိမ့် မည် ဟူ ၍ လည်း ကောင်း၊ ဤ ဌာ န ၌ ချမ်း သာ စေ မည် ဟူ ၍ လည်း ကောင်း၊ ဗိုလ် ခြေ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို လော့ ဟူ ၍ တည်း။ Ver CapítuloJudson Bible9 နောက်တည်သော ဤအိမ်တော်သည် အရင်အိမ်တော်ထက် ဘုန်းသာ၍ ကြီးလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ ဤအရပ်၌လည်း ငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ Ver Capítulo |
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။