ဟ္ဂဲ 1:14 - မြန်မာ့စံမီသမ္မာကျမ်း
14 ဤသို့ဖြင့် ထာဝရဘုရားသည် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလ၏စိတ်ကိုလည်းကောင်း၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၏စိတ်ကိုလည်းကောင်း၊ ကြွင်းကျန်သောသူအပေါင်း၏စိတ်ကိုလည်းကောင်း လှုံ့ဆော်သဖြင့် သူတို့သည် လာ၍ မိမိတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ကြ၏။
Ver Capítulo Copiar
14 ထာဝရဘုရားသည်ယုဒဘုရင်ခံရှာလ လေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရော ဟိတ်မင်းယောဇဒတ်၏သားယောရှုနှင့် ပြည် နှင်ဒဏ်သင့်ရာမှပြန်လာကြသူအပေါင်း တို့အား ဗိမာန်တော်တည်ဆောက်မှုတွင်စိတ် အားထက်သန်၍လာစေတော်မူ၏။ သူတို့ သည်မိမိတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရား၏ဗိမာန်တော် တည်ဆောက်မှုကို၊-
Ver Capítulo Copiar
14-15 ထို အ ခါ ထာ ဝ ရ ဘု ရား သည် ရှာ လ သေ လ သား ယု ဒ ဘု ရင် ခံ မင်း ဇေ ရု ဗ ဗေ လ သ ဘော ကို လည်း ကောင်း၊ ယော ဇ ဒက်၏ သား ပ ရော ဟိတ် မင်း ယော ရှု၏ သ ဘော ကို လည်း ကောင်း၊ လူ မျိုး တော် အ ကြွင်း အ ကျန် တို့ ၏ သ ဘော ကို လည်း ကောင်း၊ ဆော် ဩ တော် မူ သည့် အ တိုင်း ထို သူ တို့ သည် ဒါ ရိ မင်း နန်း စံ နှစ် နှစ်၊ ဆ ဌ မ လ နှစ် ဆယ့် လေး ရက် တွင် ကိုယ့် ဘု ရား သ ခင် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် ကို လာ ရောက် လုပ် ဆောင် ကြ ကုန် ၏။
Ver Capítulo Copiar
14 ထာဝရဘုရားသည်လည်း၊ ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့ကို နှိုးဆော်တော်မူသောအားဖြင့်၊
Ver Capítulo Copiar